လှပတဲ့ ပန်းရုံလေးဖြစ်လာဖို့ မလိုအပ်တဲ့ အကိုင်းအတက်လေးတွေကို ဖြတ်ရတယ်။
ပန်းရုံကို နှောင်ယှက်လာတဲ့ နွယ်ပင်တွေ ပေါင်းမြက်တွေကိုလည်း ရှင်းလင်းပစ်ရပြီး မြေဩဇာလည်း ပုံမှန်ကျွေးပေးရပါတယ်။
ကျွန်တော်တို့ "ရွှေမိတ်သစ်" မှာလည်း
ဝန်ဆောင်မှုနဲ့လက်ရာတွေ ပိုမိုကောင်းမွန်ဖို့
ယခုမိုးတွင်းလိုမျိုး
အလုပ်တွေ Site တွေ ပါးချိန်မှာ
ဝန်ထမ်းတွေ training တယ်။ စည်းကမ်းတွေကို အနည်းငယ် တင်းကြပ်တယ်။ ဒီလိုလုပ်ရခြင်း အဓိက ရည်ရွယ်ချက်ကတော့ Customer ကို ပေးထားတဲ့ ရက်ချိန်းမှန်ဖို့။ အရည်အသွေးမှန်ဖို့။ လက်ရာကောင်းမွန်ဖို့ပါပဲ။ (မမြင်ရတဲ့ ကျည်းဘောင်အထဲ ထည့်ထားတဲ့ သစ်သားကအစ အရည်အသွေးကောင်းဖို့)
အဲဒီလိုရလဒ်ကောင်းများအတွက် ပူပေါင်းဆောင်ရွက်ရမယ့်အစား
ခဏခဏ ခွင့်မဲ့ ပျက်တဲ့သူ၊ QC အရည်အသွေး စစ်ဆေးတဲ့အပိုင်း ပေါ့ဆသူ၊ Customer တွေ အပေါ်မဖြစ်နိုင်တဲ့ ကတိတွေပေးတတ်သူ တချို့တွေကို လက်တွဲဖြုတ်ခဲ့ပြီး "ရွှေမိတ်သစ်" ရဲ့ စည်းကမ်းတွေကို လေးစားလိုက်နာတဲ့သူတွေနဲ့ပဲလစာ တိုးမြှင့်ပေးကာ ရှေ့ဆက်လက်တွဲဖို့ စီစဥ်လိုက်ပါတယ်။ ရေရှည်မှာ ပိုမိုအောင်မြင်ဖို့လည်း ပိုကောင်းတဲ့ Productivity ရှိတဲ့ စက်ရုံအဖြစ် ကြိုးစားသွားပါမယ်ခင်ဗျာ..
ဝယ်နေကျ Customers ကလည်း "ရွှေမိတ်သစ်" ရဲ့ အားနည်းချက်လေးတွေ ရှိခဲ့ရင် မြင်ခဲ့ရင် အားမနာစတမ်း ထောက်ပြအကြံပြုပေးဖို့ တိုက်တွန်းပါတယ် ခင်ဗျ🙏🙏
#SMT #UPVC #doors #windows
No comments:
Post a Comment