ဈေးမဆစ်ဖို့ မေတ္တာ ရပ်ခံပါရစေနော်🙏
မာနကြီးလို့ မဟုတ်ပါဘူးဗျာ...
SMT မှ မဟုတ်ပါဘူး။ တခြားဘယ်ဆိုင်ကိုပဲ ဖြစ်ဖြစ် စျေးဆစ်လိုက်ပြီဆိုရင် ဘာတွေဖြစ်လာနိုင်သလဲဆိုတော့....
Upvc မှာ သုံးရတဲ့ accessories တွေရဲ့ တန်ဖိုးနဲ့ ကွာခြားချက်တွေကို သုံးစွဲသူ Customer တွေက မသိကြတာများပါတယ်။
လူကြီးမင်းတို့ ဈေးဆစ်လိုက်ရင် အလုပ်ပါးနေတဲ့ လုပ်ငန်းငယ်တချို့ကတော့ လျော့ဈေးနဲ့ လက်ခံကောင်းလက်ခံပါလိမ့်မယ်။
ပုံမှန် accessories အကောင်းသုံးရမယ့်နေရာမှာ ညံ့တာလေးတွေ ထည့်သုံးပေးလိုက်ရင် သုံးစွဲသူ Customer တွေပဲ နစ်နာရပါလိမ့်မယ်။
📌မှန်အထူအပါး
📌Accessories အမျိုးအစား ကောင်း သင့် ညံ့
📌လိုင်နာ အကောင်း အသင့် အညံ့
📌ဘယ်နေရာမှာ အို(O) လိုင်နာသုံးရမယ်
📌ဘယ်လိုနေရာမှာ ကေ(K) လိုင်နာသုံးသင့်တယ်
ဆိုတာကအစ အသေးစိတ်နားလည်မှ ဈေးဆစ်ကြဖို့ အကြံပေးလိုပါတယ်ခင်မျာ..
အဖွင့် Casement တွေ မှာလည်း Customer တွေရဲ့ ဈေးဆစ်မှုကြောင့်..
📌မှန် လက်ကိုင် ပတ္တာ
📌မမြင်ရတဲ့ အတွင်းပိုင်း သစ် သို့မဟုတ် သံ
အဲလို နေရာတွေမှာ အရည်အသွေး ညံ့တာတွေ ပြောင်းလဲ တပ်ဆင်မယ်ဆိုရင်လည်း Customer တွေက မသိကြပါဘူး။
အဲဒါကြောင့် ဈေးအရမ်းမဆစ်ကြပါနဲ့လို့🤗
❌(မည်သူတစ်ဦးတစ်ယောက်ကိုမှ ရည်ရွယ်ထိခိုက်စေရန် ပုတ်ခတ်ရေးသားခြင်းမဟုတ်ပါ။ ဗဟုသုတအနေနဲ့ မျှဝေခြင်းတာ ဖြစ်ပါတယ်)❌
➖➖➖➖➖➖➖➖➖➖
ရွှေမိတ်သစ်မှာဆိုရင်တော့
💁အနှစ်(၃၀) အာမခံရှိတဲ့ GPM နှင့် CONCH
တွေအတွက် အကောင်းဆုံး accessories တွေကိုသာ သုံးပေးထားပြီး
💁♂️Alarddin, RIKA, King တွေကိုတော့ အဲဒီ Brand နဲ့အသင့်တော်ဆုံး accessories တွေကို အသုံးပြုပေးထားပါတယ်။
ကောင်းတဲ့အရည်အသွေးကို လိုချင်ရင် ကောင်းတဲ့ဈေးလေးတော့ ကျသင့်ပါမယ်နော်။
ယာယီအဆောက်အဦမို့ စျေးအများကြီးမသုံးချင်လို့ ဈေးအနိမ့်ထဲကပဲ လိုချင်ခဲ့ရင်လည်း အရည်အသွေးနိမ့် ကုန်ကြမ်းလေးတွေပါ လူကြီးမင်းတို့ ဆန္ဒအတိုင်း ရွေးချယ် ဝယ်ယူလို့ရပါတယ်။
ရွှေမိတ်သစ် မှာ ကုန်ကြမ်း အရည်အသွေး အနိမ့်အမြင့် (၅)မျိုး အထိရှိတာမို့ လူကြီးမင်းတို့ လိုအပ်တဲ့ လိုချင်တဲ့ အရည်အသွေးကို စိတ်ကြိုက်ရွေးချယ် ဝယ်ယူနိုင်ပါတယ်ခင်မျာ။
ခေါ်ဈေးက တစ်မျိုး၊ ရောင်းဈေးကတစ်မျိုး SMT က မရောင်းတတ်လို့ ရောင်းနိုင်တဲ့ ဈေးနှုန်းအစုံကိုလည်း Pin post မှာ အမြဲတမ်း တင်ပေးလေ့ရှိပါတယ်။
Installation ပိုင်းမှာ ဆိုရင်လည်း
✔ဆီလီကွန်အထုပ်
✔wall plus အကောင်း
✔PU Foam တို့ကို သုံးပေးထားခြင်း
✔သုံးနှစ်အတွင်း မိုးယိုစိမ့်မှုအတွက် အာမခံပေးထားခြင်း
စတာတွေကြောင့် Installation စရိတ်လေး ကိုလည်း ဈေးမဆစ်ကြပါနဲ့လို့ မှာချင်ပါတယ်နော်။
တစ်ဦးကမေတ္တာ တစ်ဦးက စေတနာမို့ Customer တိုင်းအား တန်းဖိုးထားလျက်ပါ💙💛
#SMT
No comments:
Post a Comment