Dec 9, 2021

uPVC ပြတင်းပေါက်များကို မည်သည့်အိမ်အတွက်မဆို ရွေးချယ်သင့်သည့် အကြောင်းရင်း (၇) ချက်

အောက်တွင်ဖော်ပြထားသည်မှာ uPVC ပြတင်းပေါက်များကို မည်သည့်အိမ်အတွက်မဆို ရွေးချယ်သင့်သည့် အကြောင်းရင်း (၇) ချက် ဖြစ်သည်။

💎uPVC သည်ရာသီဥတုအမျိုးမျိုးကိုခံနိုင်ရည်ရှိသည်💎

သစ်သားနှင့်မတူဘဲ uPVC သည် ရာသီဥတုအပြောင်းအလဲများကို ခံနိုင်ရည်ရှိသည်။ နေ၏အပူရှိန်အောက်တွင် အရည်ပျော်မည်မဟုတ်သလို မိုးရွာသွန်းမှုအောက်၌လည်း သံချေးတက်ခြင်းမရှိပေ။ သူတို့သည်မခြစ်၊ မဆုတ်၊ မပုတ်ပါ။ ရေရှည်မှာ သစ်သားထက် ငွေနှင့်စွမ်းအင်ကို အများကြီး ချွေတာနိုင်ပါတယ်။

💎uPVC သည် အလွန်ကောင်းမွန်သော insulating/insulation ပုံစံကိုပေးသည်💎

uPVC သည် အလူမီနီယံထက် အပူလျှပ်ကာအစွမ်းရှိသည်ဟုသက်သေပြခဲ့သည်။ double glazed uPVC windows များတပ်ဆင်ပါက insulating properties များကို ပိုမိုကောင်းမွန်စေသည်။ ထို့ကြောင့် ပြုပြင်ထိန်းသိမ်းစရာမလိုတဲ့ပြတင်းပေါက်တွေကနေ အပိုကုန်ကျစရိတ်တွေကို သက်သာနိုင်ပါတယ်။

💎uPVC အတွက် ဆူညံသံများသည် ပြဿနာမဟုတ်ပါ💎 

ကောင်းမွန်သော uPVC ကုန်ကြမ်းသည် 33 မှ 43 db ကြားအသံလုံအောင် ပံ့ပိုးပေးနိုင်သည်။ သင်၏အိမ်တွင် uPVC ပြတင်းပေါက်တပ်ဆင်ခြင်းသည် ဖြတ်သွားသော မော်တော်ယာဉ်သံများ နှင့် ပတ်ဝန်းကျင်မှ အလွန်အကျွံဆူညံသံများ ဝင်ရောက်ခြင်းမှ ကာကွယ်ပေးလိမ့်မည်။ အကယ်၍ သင်က စကားကျယ်ကျယ်ပြောတတ်သူ ဒါမှမဟုတ် အိမ်ထဲ ဆူညံစွာကစားတတ်သော ကလေးများရှိရင် uPVC ပြတင်းတံခါးတပ်ဖို့ ထည့်သွင်းစဉ်းစားသင့်ပါတယ်။

💎 Corrosion ကိုခံနိုင်ရည်ရှိသည်💎

uPVC ပြတင်းတံခါးများသည် ရာသီဥတုဒဏ်ခံနိုင်ရည်ရှိ၍ သံချေးလည်းမတက်ပါ။ ဆားငန်ရေကြောင့်လည်း uPVC ကို မစေးကပ်စေနိုင်ပါ။ uPVCသည် စိုထိုင်းဆကို ခံနိုင်သဖြင့် ကမ္ဘာပေါ်ရှိ မည်သည့်အိမ်နှင့်မဆို သင့်တော်သည်။

💎 uPVC သည် အလှပဆုံးဖြစ်သည်💎

uPVC များသည် သစ်သားပြတင်းပေါက်များထပ် ဆွဲဆောင်မှုပိုရှိပြီး ခေတ်မှီအိမ်ဒီဇိုင်းမျိုးစုံအတွက် ပုံစံမျိုးစုံဖန်တီးနိုင်သည်။ 

💎uPVCသည် ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သည်💎

uPVC သည် ပြုပြင်ထိန်းသိမ်းမှုများစွာ မလိုအပ်သောကြောင့် ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သည်။ ၎င်းကို အချိန်ကြာမြင့်စွာသုံးနိုင်သည့်အပြင် Recycle ပြန်လည်အသုံးပြုနိုင်သည်။ ၎င်းသည် သစ်သားပြတင်းပေါက်များကဲ့သို့ သဘာဝပစ္စည်းများဖြင့် ပြုလုပ်ထားခြင်း မဟုတ်သော်လည်း uPVC ပြတင်းပေါက်သည် အိမ်အတွက်လုံခြုံမှုအပေးနိုင်ဆုံး တစ်ခုဆိုတာ အသေအချာပင်ဖြစ်သည်။


uPVC ပြတင်းတံခါးများကို မ၀ယ်သင့်သောအကြောင်းရင်းမရှိပါ။ uPVC ကိုအသုံးပြုသော အိမ်များသည် ဆွဲဆောင်မှုရှိပြီး ဘတ်ဂျက်များစွာမကုန်ပါ။


သင်၏အိမ်ကို uPVC ပြတင်းပေါက်၊ တံခါးပေါက်များဖြင့်စတင်ပါ။ အရည်အသွေးကောင်းမွန်ပြီး လက်ရာသပ်ရပ်ခိုင်ခံ့သော uPVC ပြတင်းပေါက်၊ တံခါးပေါက်တွေကို ပစ္စည်းမှန်စျေးမှန် ဝယ်ယူလိုပါက "ရွှေမိတ်သစ်" ထံ လှမ်းလာဖို့ ဖိတ်ခေါ်ပါတယ်🎀💞

☎ 09775597171, 09775597117 💁❤

🏠 စက်ရုံလိပ်စာက...

အမှတ်  (၁၂၈/၁၂၄) ဆရာစံလမ်းနှင့် တပင်ရွှေထီးလမ်းထောင့် အောင်ချမ်းသာ(၁) ရပ်ကွက် သန်လျင်မြို့နယ် ၊ရန်ကုန်😘



No comments:

Post a Comment

uPVC ပြတင်းပေါက်များကို မည်သည့်အိမ်အတွက်မဆို ရွေးချယ်သင့်သည့် အကြောင်းရင်း (၇) ချက်

အောက်တွင်ဖော်ပြထားသည်မှာ uPVC ပြတင်းပေါက်များကို မည်သည့်အိမ်အတွက်မဆို ရွေးချယ်သင့်သည့် အကြောင်းရင်း (၇) ချက်  ဖြစ်သည်။ 💎 uPVC သည်ရာသီဥတုအမျ...