Jul 20, 2022

ခေါင်းခြောက်ခံအော်ဒါလေးများ

 Installation ဝန်ထမ်းလေးတွေ တိုင်းလာခဲ့တဲ့ Window measurements တွေကို ကြည့်ရင်း အလုပ်အပ်ခဲ့တဲ့ Customer များရဲ့အသံကို ထပ်တလဲလဲ ကြားနေမိတယ်....

"ကေသီရေ......မိုးတွင်းမို့ အကိုက အိမ်ကို အမြန်လည်း လက်စသတ်ချင်နေပြီ…

• သုံးမယ့် Window designs တွေကိုလည်း သူများနဲ့မတူချင်ဘူး။ 

• Design ဆန်းလွန်းရင်လည်း Charges တွေ တအားတက်လာမှာစိုးတယ်။ 

• ပြတင်းပေါက်ဆိုတာကလည်း ရေရှည်ခိုင်ခံ့အောင်တပ်ဆင်ပေးထားတဲ့အရာမျိုးဆိုတော့ ခဏခဏလဲလှယ်ဖို့ကမလွယ်ဘူးလေ..

အဲဒီတော့ သမီးတို့ပဲ အဆင်ပြေအောင်စီစဉ်ပေး" ဆိုပြီး SMT စက်ရုံကို စရံငွေပေးသွားလေရဲ့... 

အိမ်းးးးးး ကိုယ့် Customer တွေက… 

စရံနဲ့အတူ ယုံကြည်မှု (ကိုပါ) တာဝန်ပေးသွားတော့ ပထမဆုံး Designs အဆန်းလေး ရွေးဖို့စဉ်းစားရပြန်တယ်။ Design နဲ့အတူ အဆင်ပြေမယ့် Profileအတွက်ကတော့ Customer လိုချင်တဲ့ ရေရှည်ခိုင်ခံ့ဖို့အတွက်နှစ် (30)အာမခံချက်၊ သင့်တင့်တဲ့ ဈေးနှုန်းရှိတဲ့ (GPM - Profile)နဲ့  Accessories တွေကိုရွေးချယ်ပေးဖြစ်ပြီးတော့...Production Manager ကြီးနဲ့ တိုင်ပင်ရတာပေါ့။ 

တပ်ဆင်ရာမှာ အခက်အခဲမရှိစေဖို့ Installationဝန်ထမ်းတွေနဲ့ ကြိုတင်ဆွေးနွေးဖြစ်တယ်..... 

အားလုံးပြီးမှ Customer ထံကို

" အကို ရေ...ညီမ Viber မှာ အကို့ siteအတွက်

အသုံးပြုမယ့် ဒီဇိုင်းနဲ့ Productsတွေ ပို့ပေးထားပါတယ်ရှင့် စစ်ဆေးပေးပါဉီးနော်..."

လို့ ပို့လိုက်တဲ့အခါ ပြန်ရလာတဲ့ Reply လေးက...

"Ok ညီမရေ...အားလုံးအဆင်ပြေတယ်။ သုံးပေးထားတဲ့ Design ရော Products တွေရော သဘောကျတယ်။ အခုအတိုင်းပဲလုပ်လိုက်ပါ " တဲ့..

ဒီလိုလေးတွေ့လိုက်ရတော့ ဒီနေ့လေးရဲ့ Mood က ကိုယ့်ရဲ့ Customer က ပေးတဲ့တာဝန်ကျေသွားပြီလို့ အတွေးလေးတွေးမိတယ်😊 

ဒီနေ့လေးရဲ့ Moodနဲ့အတူ ပြောပြချင်တာကတော့.....

Mood နဲ့အတူ Design နဲ့ Products တွေ စဉ်းစားရင်း  idea အသစ် လေးတွေရလိုက်ပါတယ်။

ဒီလို idea အသစ်ဆန်းလေးတွေကိုအမြဲ စဉ်းစားပေးတဲ့ဝန်ဆောင်မူတွေရှိရာနေရာက လူကြီးမင်းတို့ရင်းနှီးပြီးသားဖြစ်တဲ့🏠"ရွှေမိတ်သစ်🏠" စက်ရုံကြီးဖြစ်ပါတယ်ရှင်😊

ဒီဇိုင်းအစုံ ပုံစံအစုံ ဆွေးနွေးပြီး ခေါင်းခြောက်ခံ အော်ဒါများ အမြဲလက်ခံဆောင်ရွက်ပေးပါတယ်နော်...UPVC နဲ့ပတ်သက်ရင် ဘယ်လိုခက်ခဲတဲ့ ပုံစံမျိုးပဲလာလာ 🏠"ရွှေမိတ်သစ်🏠"ကိုသာ သတိရလိုက်ပါရှင်😊

ထပ်မံပြောပြချင်တာလေးကတော့.....

စက်ရုံသို့ ကိုယ်တိုင်မလာရောက်နိုင်တဲ့ Customerများ အနေဖြင့်လဲ အသုံးပြုလိုသော Designs နှင့် Products များကို viber /page messenger တို့မှတစ်ဆင့် အရောင်းဝန်ထမ်းလေးများနှင့် ဆွေးနွေးတိုင်ပင်ပြီး orderများအား လူကြီးမင်းတို့စိတ်တိုင်းကျ အပ်နှံနိုင်ပါတယ်ရှင့်😊

No comments:

Post a Comment

uPVC ပြတင်းပေါက်များကို မည်သည့်အိမ်အတွက်မဆို ရွေးချယ်သင့်သည့် အကြောင်းရင်း (၇) ချက်

အောက်တွင်ဖော်ပြထားသည်မှာ uPVC ပြတင်းပေါက်များကို မည်သည့်အိမ်အတွက်မဆို ရွေးချယ်သင့်သည့် အကြောင်းရင်း (၇) ချက်  ဖြစ်သည်။ 💎 uPVC သည်ရာသီဥတုအမျ...