Jun 28, 2022

Upvc slide window တွေကို အုတ်ညှပ် စီတော့မယ် ဆိုရင်...

 ဒီနေ့ သန်လျင်မြို့ထဲက ရွှေမိတ်သစ်ရဲ့ Customer တစ်ယောက်ဆီက ဖုန်းဆက်လာတယ်။

ရွှေမိတ်သစ် က ဝယ်ခဲ့တဲ့ slide window တွေကို ကိုယ်တိုင်တပ်ဆင်ထားခဲ့ပြီး အခု ဘယ်ညာ

တွန်းဖွင့်ရတာ ကြပ်နေလို့ လာကြည့်

ပေးပါဉီးတဲ့။

စက်ရုံနဲ့လည်း နီးတော့ installation ဝန်ထမ်းတွေ ချက်ချင်းသွားကြည့်ဖြစ်တယ်။ ဘာကြောင့် slide window တွေ ကြပ်သွားရတာလဲပေါ့🤔

သေချာတိုင်းတာကြည့်တော့မှ


အောက်ဖက်က  မဆလာများလွန်ပြီး

အောက်ဖက်ကျည်းဘောင်က အပေါ်ကို မြင့်တက်နေသလို


အပေါ်ဖက်ကလည်း မဆလာ အဖိများလို့

အောက်ဖက်ကို နိမ့်ဆင်းနေတာကို တွေ့ရတယ်။


အဲဒီအတွက်ကြောင့် 

အခုလိုမျိုး မဖြစ်ရအောင် ချစ် Customer တွေအနေနဲ့ Upvc slide window တွေကို အုတ်ညှပ်

စီတော့မယ် ဆိုရင်...


အမြင့်ကို

ဘယ်ဖက်ခြမ်းက အမြင့်

အလည်က အမြင့်

ညာဖက်ခြမ်းက အမြင် 

အားလုံးတူညီ‌အောင် ညှိပါ။


အကျယ်ကိုလည်း

အမြင့်ဖက်က အကျယ်

အလည်အကျယ်

အောက်ဖက် အကျယ်

ဆိုပြီး သေချာတိုင်းတာကြည့်ပါ


အဲဒီလို တပ်ဆင်မှသာ slide window က

တံခါးရွက်တွေကို 'မ' ဖြုတ်ရလွယ်ကူမှာဖြစ်ပြီး

နောင်တချိန် မှန်ကွဲတာမျိုးဖြစ်ခဲ့ရင် 

ဖြုတ်ရ တပ်ရ လဲလှယ်ရ လွယ်ကူမှာ ဖြစ်ပါတယ်ခင်ဗျ။🤗


#SMT

No comments:

Post a Comment

uPVC ပြတင်းပေါက်များကို မည်သည့်အိမ်အတွက်မဆို ရွေးချယ်သင့်သည့် အကြောင်းရင်း (၇) ချက်

အောက်တွင်ဖော်ပြထားသည်မှာ uPVC ပြတင်းပေါက်များကို မည်သည့်အိမ်အတွက်မဆို ရွေးချယ်သင့်သည့် အကြောင်းရင်း (၇) ချက်  ဖြစ်သည်။ 💎 uPVC သည်ရာသီဥတုအမျ...