Aug 25, 2022

ဒါမျိုးခေါက်တံခါးလေးတွေ သုံးကြည့်ပါဗျ။

ကိုယ့်ရဲ့အိမ်က Modern Building မို့ သစ်သားတံခါးတွေ မသုံးချင်ဘူးဆိုရင် ဒါမျိုးခေါက်တံခါးလေးတွေ သုံးကြည့်ပါဗျ။

သစ်သားအစားထိုး UPVC တွေဆိုတာ..

📌အဆောက်အဦတိုင်းနဲ့ကိုက်ညီတယ်

📌ခေတ်မှီလှပတဲ့အသွင်အပြင်ရှိတယ်

📌တပ်ဆင်ရလွယ်ကူတယ်

📌ရာသီဥတုဒဏ်ခံနိုင်ရည်ရှိပြီး ခြစားခြင်း၊ ဆွေးမြေ့ခြင်း၊ ရေညှိတက်ခြင်း၊ သံချေးကိုက်ခြင်း လုံးဝမရှိဘူး

📌ပြုပြင်ထိန်းသိမ်းမှုဖို့လည်း ထွေထွေထူးထူး မလိုအပ်ဘူး

📌ကုန်ကျစရိတ်လည်း ပိုသက်သာပါတယ်😁

UPVC မှာ ဒီလိုအားသာချက်တွေ ရှိတဲ့အပြင် "ရွှေမိတ်သစ်" စက်ရုံမှာ ရောင်းချပေးတဲ့ UPVC တံခါးတွေဟာ

✅ကွေးညွတ်ခြင်း၊ ငိုက်မှေးခြင်း လုံးဝမရှိဘူး

✅Joint ဆက်များ ခိုင်ခံ့တယ်၊ ဟနေတာ မရှိစေရဘူး

✅လက်ရာသေသပ်တယ်

✅ကွဲအက်​​ရာတွေ၊ အနာအဆာတွေ မပါစေရဘူး

✅ရာသီဥတုဒဏ်ခံနိုင်ရည် အနှစ် (၃၀) အာမခံတဲ့ ကုန်ကြမ်းတွေရှိတယ်။

✅ဝယ်ယူတပ်ဆင်ပြီးတံခါးတွေ မိုးမယိုစိမ့်စေဖို့ (၃)နှစ်အာမခံပေးတယ်။

✅စက်ရုံတိုက်ရိုက်ရောင်းချပေးတာမို့ စျေးလည်း သက်သာပါတယ်😁

ဒီတော့ အတွေးမမှားဘဲ အရွေးမနောက်ကျစေဖို့ ဒီစျေးလေးတွေနဲ့ရတုန်းရခိုက် အခုချက်ချင်း ဖုန်းဆက် မှာယူလိုက်ပါ။💁❤

Aug 20, 2022

ရေရှည်ဘယ်လိုရပ်တည်ကြမလဲ❓❓

ယနေ့အချိန်အခါမှာ အရှိန်အဟုန်မြင့် ပြောင်းလဲနေတဲ့ ငွေကြေးဖောင်းပွမှုကို ရင်ဆိုင်ဖို့...

ကျွန်တော်တို့လို production နဲ့ sale အဖွဲ့တွေ ရေရှည်ဘယ်လိုရပ်တည်ကြမလဲ❓❓

တပတ်လောက် ကြိုပြီး အရင်းအပေါ် 5% လောက် အသားတင်အမြတ်တင်ပြီး အလုပ်လက်ခံ ကြပေမဲ့ တပတ်အတွင်း ကုန်ဈေးနှုန်းမြင့်မားမှု့ (ငွေကြေးဖောင်းပွမှု့) က 10% ကျော်ဖြစ်နေပြီ။

တချို့လည်း လက္ကားစျေး မရောင်းရဲကြတော့ဘူး။

နေ့စဉ်ပေါက်ဈေးအတိုင်း ဖြည်းဖြည်းနဲ့ လက်လီပဲ ရောင်းနေကြရပြီ။

အရောင်းတွေလျော့ အလုပ်တွေလျော့ရင် ဝန်ထမ်းတွေ လျှော့ရတော့မှာလား။

အဲဒီလို လျှော့ပြန်တော့လည်း အလုပ်တွေပါးနေတဲ့ ဒီကာလ ဘယ်လို အလုပ်သစ်ရကြမလဲ။

ဒီကာလ မှာတော့ ရောင်းသူနဲ့ ဝယ်သူ၊ အလုပ်ရှင်နဲ့ ဝန်ထမ်း၊ အားလုံးက အရှုံးကို အတူတူရင်ဆိုင်ကြပြီး တစ်ဦးနဲ့တစ်ဦး ဖေးမကူညီပြီး အခက်အခဲကာလကို စည်းစည်းလုံးလုံးနဲ့ ဖြတ်ကျော်ကြရမှာပါ။

ဒီကာလမှာတော့ ရောင်းလိုက်တာထက် မရောင်းဘဲနဲ့ လက်ထဲမှာ ကုန်တွေ ထားထားတာကမှ မြတ်နေပါသေးတယ်။ ဘယ်လိုအခြေနေပဲ ဖြစ်နေပါစေ ငွေကြေးအရ အမြတ်မကျန်လည်း ကိုယ့်ရဲ့ အမြဲတမ်းဝယ်နေကျ 

ဖောက်သည်လေးတွေနဲ့ မိတ်မပျက်အောင်၊ ဝန်ထမ်းတွေကို အလုပ်မပြတ်အောင်ပေးနိုင်တာကိုပဲ ဒီကာလရဲ့အမြတ်လို့ပဲ မှတ်ယူကြရမှာပေါ့...

အဲဒါကြောင့်လည်း တကယ်လိုအပ်မှသာ ပြတင်းတံခါးတွေ ဝယ်ယူကြပါလို့ မေတ္တာရှေးရှုအကြံပြုပါရစေ ခင်ဗျာ။

Aug 15, 2022

ဒီရက်ပိုင်း စက်ရုံမှာ အရောင်းရဆုံးဒီဇိုင်းဖြစ်နေတဲ့ ခေါက်တံခါးများ

ဘာလို့လဲတော့မသိဘူး။ ခေါက်တံခါးလေးတွေ အော်ဒါအတက်များလာတယ်။ ဒီတံခါးမျိုးတွေက...

✅ ဒီဇိုင်းဆန်းပြီးလှပတယ်။

✅ Quality ကောင်းပေ့ညွန့်ပေ့ဆိုတဲ့ ကုန်ကြမ်းနဲ့လုပ်မှရတယ်။

✅ ဘယ်လိုအိမ်မျိုးနဲ့မဆို ကိုက်ညီတယ်။

✅ သယ်ရပြုရ တပ်ဆင်ရလွယ်ကူတယ်။

😘 စျေးလေးအနည်းငယ်များပေမဲ့ လူကြိုက်လည်းများပါတယ်။


ဒီလိုခေါက်တံခါးတွေက Customized Door တွေမို့ ဒါမျိုးမှမဟုတ်ဘူး။ ကိုယ်လိုချင်တဲ့ကုန်ကြမ်း၊ Size အလိုက်လည်း မှာယူနိုင်တာမို့ စျေးကတော့ အစားစားပဲပေါ့။

သူများနဲ့မတူ တမူကွဲပြားစေမယ့် အိမ်အလှတရားအတွက် ခေါက်တံခါးတွေ တပ်ဆင်တော့မယ်ဆိုရင်တော့ "ရွှေမိတ်သစ်" ကို အခုပဲ ဆက်သွယ်လိုက်ပါ။🙏

Aug 12, 2022

ကုန်ကြမ်းတွေကို ဂိုထောင်အပြည့်

 " ဟိုဟာဖြစ်လို့ စျေးတက်တော့မယ်။ ဒီဟာဖြစ်လို့ ဝယ်စုထားကြ။ " 

ဆိုတဲ့ စကားလုံးတွေ ပတ်ဝန်းကျင်မှာ ခနခနကြားနေရမယ်လို့ ထင်ပါတယ်။

   

အဲလိုစျေးတက်လို့ ဝယ်စုခိုင်းရအောင်လည်း SMT ရဲ့ Product တွေက ဆန်ဆီဆားမဟုတ်😢

ဒါပေမဲ့လည်း စျေးကတော့ တက် မြဲ တက်စဲပါပဲ..

Customer တွေဘက်က တံခါးတွေ ပြတင်းတွေ ဝယ်စုစရာမလိုရလေအောင်...

SMT ဘက်က စျေးကွက်ကြမ်းခင်းရှေးရှု၍ ကုန်ကြမ်းတွေကို ဂိုထောင်အပြည့်

ကြိုတင်ဝယ်လှောင်ရပါတယ်။

ဒီလိုကြိုတင်ဝယ်စုရခြင်ကလည်း တစ်ဦးတစ်ယောက်ထဲ ကောင်းဖို့မဟုတ်ပါဘူး။ 

Customer တွေကို စျေးမတက်ဘဲ ရောင်းချနိုင်ဖို့အတွက်ပဲ အဓိက ရည်ရွယ်တာပါ။

ဒါပေမဲ့လည်း မီးကမမှန်၊ မီးစက်နဲ့လည်ပတ်ရ၊ ဆီစျေးတွေကလည်းတက်လို့ စရိတ်စကတွေများလာပြန်ရင်လည်း ပုံမှန်နှုန်းထား ထိန်းရောင်းဖို့က ရေရှည်မှာ မလွယ်ပြန်ပါဘူး။

အရာရာမှန်းဆလို့မရတဲ့အခြေအနေအရပ်ရပ်မှာ SMT ရဲ့ မိတ်ဆွေများအနေနဲ့လည်း Upvc ပြတင်းတံခါးပဲ တပ်ဆင်ချင်တယ်ဆိုရင် ဒီစျေးလေးတွေနဲ့ရတုန်းရခိုက် အမြန်ဆုံးဝယ်ယူထားကြဖို့ တိုက်တွန်းပါရစေခင်မျာ..

(စျေးနှုန်းအသေးစိတ် နဲ့ Size အတိအကျကို Page ထဲက ထိပ်ဆုံး Pin Post မှာ တင်ပေးထားပါတယ်။)

Aug 8, 2022

မနက်စောစောလေးမှာ ကျက်သရေရှိစွာ နိုးထလာဖို့ကတော့ အိမ်မှာတပ်ဆင်ထားတဲ့ပြတင်းတွေနဲ့လည်း ဆိုင်ပါတယ်

မနက်ခင်းလေး နိုးထထချင်းမှာ ပြတင်းပေါက်တွေကို အရင်ဖွင့်ကြတယ်ဟုတ်...

မနက်စောစောလေးမှာ ကျက်သရေရှိစွာ နိုးထလာဖို့ကတော့

အိမ်မှာတပ်ဆင်ထားတဲ့ပြတင်းတွေနဲ့လည်း ဆိုင်ပါတယ်နော်...

💙ပြတင်းလေးတွေဟာ လှပနေမှ စိတ်လည်း ကြည်လင်နေမယ်။

💙ခိုင်ခံ့နေပြီးလုံခြုံမှလည်း စိတ်ချလက်ချအိမ်တံခါးပိတ်ပြီး အပြင်သွားလာနိုင်မယ်။

💙လက်ရာသေသပ်ပြီး Qualityကောင်းမှလည်း ရေရှည်အတွက် စိတ်အေးရမယ်။

💙ရာသီဥတုဒဏ်ခံနိုင်မှလည်း ဥတုသုံးပါးလုံးအေးအေးချမ်းချမ်းနေနိုင်မယ်။

💙အသံလုံရမှလည်း ပိတ်ရက်တွေမှာ ကောင်းကောင်း အနားယူနိုင်မယ်။

ဒီအချက်တွေနဲ့ညီတဲ့ ပြတင်းပေါက်တွေ ဘယ်မှာရနိုင်မလဲ❓


လှပတဲ့ UPVC တံခါးတွေကို ပုံစံအဆန်း​လေးတွေ ရနိုင်ပြီး လက်ရာသေသပ်မှု အာမခံချက်တွေ ပေးနိုင်တဲ့ "ရွှေမိတ်သစ်" ရှိပါကြောင်း သတင်းစကားလေး ပါးလိုက်ပါရစေရှင့်🙆❤

Slide, Casement, Door များကို လူကြီးမင်းတို့စိတ်ကျ Design နဲ့ Customize ဆိုဒ်တွေကိုပါ အော်ဒါမှာယူနိုင်ပါတယ်။

ကန်ထရိုက်များနှင့် ဆိုင်များအတွက်လည်း လက္ကားစျေးနှုန်း သီးသန့်ရှိပါတယ်။ ရွှေမိတ်သစ်မှ ယူပြီး ဆိုင်တင်ရောင်းတဲ့ ပစ္စည်းတွေ ရောင်းမထွက်ခဲ့ရင်လည်း ငွေပြန်အမ်းပေးပါတယ်ရှင့်🙆

ပြတင်းပေါက် တံခါးပေါက် စျေးနှုန်းအသေးစိတ်ကို Page ထဲက ထိပ်ဆုံး Pin post မှာတင်ပေးထားပါတယ်။

Aug 7, 2022

အမြဲတမ်း မခွဲတဲ့ သူတို့အတွဲလေး😍❤

အမြဲတမ်း မခွဲတဲ့ သူတို့အတွဲလေး😍❤

ကိုယ်တောင် အားကျမိတယ်။ တခါမှ ရန်ဖြစ်သံ မကြားရလို့ 

သူတို့ အတွဲက သမီးရဲ့ အရှက်ကိုလည်း နေစဉ် ကာကွယ်ပေးတယ်။

ဒီနေ့တော့ သူတို့နှစ်ဦးဆီက ထွက်တဲ့အသံ တခု

"ဝုန်း" ဆိုပြီး ကြားလိုက်ရတယ်။

ပြေးကြည့်လိုက်မှ နေ့ရော ညပါတခါမှမခွဲတဲ့ သူတို့နှစ်ဦး တဦးနဲ့တဦး ပြန်လည် စေ့စပ်လို့ မရလောက်တဲ့အထိ ကွဲ ကွာနေကြတယ်လေ...😢

သမီး စေ့စပ်ပေးလို့ မရတဲ့ အဲဒီအတွဲလေးကို စေစပ်တဲ့ ဖက်မှာ အရမ်းတော်တဲ့ အောင်သွယ်တော် မျှားနတ်မောင် "ရွှေမိတ်သစ်" ထံကို လာပြီး အကူညီတောင်းရတယ်🙄

ဒါနဲ့ "ရွှေမိတ်သစ်" က ကွဲကွာ နေတဲ့ သူတို့ နှစ်ဦးအတွက် နောင်နှစ်ပေါင်းများစွာ ခိုင်မြဲဖို့ နှစ်ဦးစလုံးရဲ့ ရင်ထဲကို

(သစ်သားဆိုတဲ့) နှလုံးသားတစုံကို ထည့်ပေးပြီး ခိုင်မြဲတဲ့ သံယောဇဉ် အဖြစ် (ပတ္တာကောင်းကောင်းလေး) ကို တပ်ပေးလိုက်မှ


ခိုင်ခန့်တဲ့ ရေချိုးခန်းတံခါးတစ်စုံကို ပြန်လည် ရရှိလာပါတော့တယ်🚪😋


#SMT #BathDoor

Aug 6, 2022

အရောင်းစာရေးမလေးဇူဇင်နဲ့ ကာကာမမတို့ရဲ့ တနေ့တာ

ရွှေမိတ်သစ်မှာ အမြဲတမ်းဝယ်နေကျလည်းဖြစ်၊ ဆိုင်ခွဲတွေအများကြီးကိုလည်း သူပဲဝယ်ပေးနေကျဖြစ်တဲ့ မမတစ်ယောက်က

မနေ့က အရောင်းစာရေးမလေး ဇူဇင့်ဆီကို ဖုန်းဆက်မေးတယ်။



အဲလိုလေး သေချာ ရှင်းပြပေးလိုက်မှ တံခါးတွေ ဆိုင်တင်ရောင်းဖို့ ထပ်မှာသွားပါတယ်။ 
😍🤩

"ရွှေမိတ်သစ်" မိသားစုမှလည်း Qualityပိုင်းတွေလက်ရာပိုင်းတွေကို ဒီထက်ပိုပြီး ကောင်းသထက်ကောင်းအောင် ထုတ်လုပ်ဖို့ ကြိုးစားနေလျက်ပါ...

SMT က လက်ရှိရောင်းနေတဲ့ ဈေးနှုန်းအသေးစိတ်ကို Page ထိပ်ဆုံးက Pin Post မှာ အသေးစိတ်ဖော်ပြပေးထားပါတယ်ရှင့်။ ဝင်ရောက်ကြည့်ရှုပြီး အားပေးသွားပါဦးနော်။ အဆုံးထိဖတ်ရှုပေးတာ ကျေးဇူးတင်ပါတယ်ရှင်...

uPVC ပြတင်းပေါက်များကို မည်သည့်အိမ်အတွက်မဆို ရွေးချယ်သင့်သည့် အကြောင်းရင်း (၇) ချက်

အောက်တွင်ဖော်ပြထားသည်မှာ uPVC ပြတင်းပေါက်များကို မည်သည့်အိမ်အတွက်မဆို ရွေးချယ်သင့်သည့် အကြောင်းရင်း (၇) ချက်  ဖြစ်သည်။ 💎 uPVC သည်ရာသီဥတုအမျ...