Aug 20, 2022

ရေရှည်ဘယ်လိုရပ်တည်ကြမလဲ❓❓

ယနေ့အချိန်အခါမှာ အရှိန်အဟုန်မြင့် ပြောင်းလဲနေတဲ့ ငွေကြေးဖောင်းပွမှုကို ရင်ဆိုင်ဖို့...

ကျွန်တော်တို့လို production နဲ့ sale အဖွဲ့တွေ ရေရှည်ဘယ်လိုရပ်တည်ကြမလဲ❓❓

တပတ်လောက် ကြိုပြီး အရင်းအပေါ် 5% လောက် အသားတင်အမြတ်တင်ပြီး အလုပ်လက်ခံ ကြပေမဲ့ တပတ်အတွင်း ကုန်ဈေးနှုန်းမြင့်မားမှု့ (ငွေကြေးဖောင်းပွမှု့) က 10% ကျော်ဖြစ်နေပြီ။

တချို့လည်း လက္ကားစျေး မရောင်းရဲကြတော့ဘူး။

နေ့စဉ်ပေါက်ဈေးအတိုင်း ဖြည်းဖြည်းနဲ့ လက်လီပဲ ရောင်းနေကြရပြီ။

အရောင်းတွေလျော့ အလုပ်တွေလျော့ရင် ဝန်ထမ်းတွေ လျှော့ရတော့မှာလား။

အဲဒီလို လျှော့ပြန်တော့လည်း အလုပ်တွေပါးနေတဲ့ ဒီကာလ ဘယ်လို အလုပ်သစ်ရကြမလဲ။

ဒီကာလ မှာတော့ ရောင်းသူနဲ့ ဝယ်သူ၊ အလုပ်ရှင်နဲ့ ဝန်ထမ်း၊ အားလုံးက အရှုံးကို အတူတူရင်ဆိုင်ကြပြီး တစ်ဦးနဲ့တစ်ဦး ဖေးမကူညီပြီး အခက်အခဲကာလကို စည်းစည်းလုံးလုံးနဲ့ ဖြတ်ကျော်ကြရမှာပါ။

ဒီကာလမှာတော့ ရောင်းလိုက်တာထက် မရောင်းဘဲနဲ့ လက်ထဲမှာ ကုန်တွေ ထားထားတာကမှ မြတ်နေပါသေးတယ်။ ဘယ်လိုအခြေနေပဲ ဖြစ်နေပါစေ ငွေကြေးအရ အမြတ်မကျန်လည်း ကိုယ့်ရဲ့ အမြဲတမ်းဝယ်နေကျ 

ဖောက်သည်လေးတွေနဲ့ မိတ်မပျက်အောင်၊ ဝန်ထမ်းတွေကို အလုပ်မပြတ်အောင်ပေးနိုင်တာကိုပဲ ဒီကာလရဲ့အမြတ်လို့ပဲ မှတ်ယူကြရမှာပေါ့...

အဲဒါကြောင့်လည်း တကယ်လိုအပ်မှသာ ပြတင်းတံခါးတွေ ဝယ်ယူကြပါလို့ မေတ္တာရှေးရှုအကြံပြုပါရစေ ခင်ဗျာ။

No comments:

Post a Comment

uPVC ပြတင်းပေါက်များကို မည်သည့်အိမ်အတွက်မဆို ရွေးချယ်သင့်သည့် အကြောင်းရင်း (၇) ချက်

အောက်တွင်ဖော်ပြထားသည်မှာ uPVC ပြတင်းပေါက်များကို မည်သည့်အိမ်အတွက်မဆို ရွေးချယ်သင့်သည့် အကြောင်းရင်း (၇) ချက်  ဖြစ်သည်။ 💎 uPVC သည်ရာသီဥတုအမျ...