Jun 28, 2022

Upvc slide window တွေကို အုတ်ညှပ် စီတော့မယ် ဆိုရင်...

 ဒီနေ့ သန်လျင်မြို့ထဲက ရွှေမိတ်သစ်ရဲ့ Customer တစ်ယောက်ဆီက ဖုန်းဆက်လာတယ်။

ရွှေမိတ်သစ် က ဝယ်ခဲ့တဲ့ slide window တွေကို ကိုယ်တိုင်တပ်ဆင်ထားခဲ့ပြီး အခု ဘယ်ညာ

တွန်းဖွင့်ရတာ ကြပ်နေလို့ လာကြည့်

ပေးပါဉီးတဲ့။

စက်ရုံနဲ့လည်း နီးတော့ installation ဝန်ထမ်းတွေ ချက်ချင်းသွားကြည့်ဖြစ်တယ်။ ဘာကြောင့် slide window တွေ ကြပ်သွားရတာလဲပေါ့🤔

သေချာတိုင်းတာကြည့်တော့မှ


အောက်ဖက်က  မဆလာများလွန်ပြီး

အောက်ဖက်ကျည်းဘောင်က အပေါ်ကို မြင့်တက်နေသလို


အပေါ်ဖက်ကလည်း မဆလာ အဖိများလို့

အောက်ဖက်ကို နိမ့်ဆင်းနေတာကို တွေ့ရတယ်။


အဲဒီအတွက်ကြောင့် 

အခုလိုမျိုး မဖြစ်ရအောင် ချစ် Customer တွေအနေနဲ့ Upvc slide window တွေကို အုတ်ညှပ်

စီတော့မယ် ဆိုရင်...


အမြင့်ကို

ဘယ်ဖက်ခြမ်းက အမြင့်

အလည်က အမြင့်

ညာဖက်ခြမ်းက အမြင် 

အားလုံးတူညီ‌အောင် ညှိပါ။


အကျယ်ကိုလည်း

အမြင့်ဖက်က အကျယ်

အလည်အကျယ်

အောက်ဖက် အကျယ်

ဆိုပြီး သေချာတိုင်းတာကြည့်ပါ


အဲဒီလို တပ်ဆင်မှသာ slide window က

တံခါးရွက်တွေကို 'မ' ဖြုတ်ရလွယ်ကူမှာဖြစ်ပြီး

နောင်တချိန် မှန်ကွဲတာမျိုးဖြစ်ခဲ့ရင် 

ဖြုတ်ရ တပ်ရ လဲလှယ်ရ လွယ်ကူမှာ ဖြစ်ပါတယ်ခင်ဗျ။🤗


#SMT

Jun 26, 2022

"ရွှေမိတ်သစ်"စက်ရုံပတ်ဝန်းကျင်ကိုလည်း လှပသပ်ရပ်ပြီး လာလည်ချင်စဖွယ် သစ်ရိပ်ဝါးရိပ်လေး ပြင်ဆင်ထားပါတယ်။

 ဒီနှစ် မိုးတွင်းမှာ အလုပ်တွေပါးမနေ‌အောင် အားပေးကြတဲ့ ထမင်းရှင် Customer ကြီးများကို ကျွန်တော်/ကျွန်မတို့ "ရွှေမိတ်သစ်" မိသားစုမှ အထူးပင်ကျေးဇူးတင်ပါတယ်ခင်မျာ။

အော်ဒါတွေပို့ဖို့ တက်ကြွပျော်ရွင်စွာ ပစ္စည်းတင်နေကြတဲ့ "ရွှေမိတ်သစ်"မိသားစု ရဲ့ မြင်ကွင်းလေးပါ။

(နောက်က ပိန္နဲပင်ကြီးတွေပဲ မကြည့်ပါနဲ့ 🥹😁 )

"ရွှေမိတ်သစ်"က တံခါးတွေချည်း ပဲလှတာမဟုတ်ဘူးနော်။

စက်ရုံပတ်ဝန်းကျင်ကိုလည်း လှပသပ်ရပ်ပြီး လာလည်ချင်စဖွယ် သစ်ရိပ်ဝါးရိပ်လေး ပြင်ဆင်ထားပါတယ်။

လာလည်ပါဉီးနော်😘🥳

#SMT #UPVC

Jun 13, 2022

🛡လှလည်းလှ ခိုင်လည်းခိုင် ခေတ်သူခိုးတိုင်း မျက်စိလည်သွားစေမယ့် "ရွှေမိတ်သစ်" ရဲ့ တံခါးမကြီးများ🛡

 🛡လှလည်းလှ ခိုင်လည်းခိုင်

ခေတ်သူခိုးတိုင်း မျက်စိလည်သွားစေမယ့်

"ရွှေမိတ်သစ်" ရဲ့ တံခါးမကြီးများ🛡

◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼

​တွေ့နေမြင်နေရတဲ့ သတင်းတွေအရ

အနေအထားက ရွှေဖား ဖြစ်မနေလို့

ဟိုနားဖောက် ဒီနားထွင်း ခံနေရတဲ့ အထဲ

ကိုယ့်အိမ်ကို အတတ်နိုင်ဆုံးကာကွယ်ဖို့

လုံခြုံစိတ်ချရပြီး အာမခံချက်တွေ

အပြည့်အဝရှိတဲ့ ပြတင်းပေါက် တံခါးပေါက်တွေ

"ရွှေမိတ်သစ်" စက်ရုံမှာ Size စုံ Design စုံ Brand စုံလင်စွာဖြင့် ပစ္စည်းမှန် စျေးနှုန်းမှန် စက်ရုံတိုက်ရိုက် ထုတ်လုပ်ရောင်းချပေးနေပါတယ်ခင်မျာ👩‍🔧💗

(Page ထဲက ထိပ်ဆုံး pin post မှာ ဈေးန်းအသေးစိတ်တင်ထားပေးပါတယ်နော်😘)



💛 ရွှေမိတ်သစ် 💙UPVC Factory

☎ 09775597171, 09775597117

🏠 စက်ရုံလိပ်စာ...

အမှတ်  (၁၂၈/၁၂၄) ဆရာစံလမ်းနှင့် တပင်ရွှေထီးလမ်းထောင့် အောင်ချမ်းသာ(၁) ရပ်ကွက် သန်လျင်မြို့နယ် ၊ရန်ကုန်😘


uPVC ပြတင်းပေါက်များကို မည်သည့်အိမ်အတွက်မဆို ရွေးချယ်သင့်သည့် အကြောင်းရင်း (၇) ချက်

အောက်တွင်ဖော်ပြထားသည်မှာ uPVC ပြတင်းပေါက်များကို မည်သည့်အိမ်အတွက်မဆို ရွေးချယ်သင့်သည့် အကြောင်းရင်း (၇) ချက်  ဖြစ်သည်။ 💎 uPVC သည်ရာသီဥတုအမျ...