Aug 25, 2025

🤔 UPVC တံခါးပေါ်က Brand Sticker တွေမခွာဘဲ အချိန်ကြာကြာထားရင် ဘာဖြစ်လာနိုင်လဲ❓

Sticker မခွာဘဲထားမယ်ဆို ဘယ်လောက်ကြာကြာထားလို့ရမလဲ❓

UPVC တံခါး အသစ်တပ်လိုက်တာနဲ့အတူ စက်ရုံကပါလာတဲ့ Brand Sticker တွေကလည်း တံခါးပေါ်မှာ ပါလာမှာပါ။

တချို့မိတ်ဆွေတွေက —

✨ “Sticker လေးတွေကလှလိုက်တာ”

✨ “Sticker မခွာဘဲထားလိုက်ရင် တံခါးကို သန့်ရှင်းရေးလုပ်ရတာသက်သာမယ်”

ဆိုတဲ့ အတွေးတွေနဲ့ ထားကြတတ်ပါတယ်။

ဒါပေမယ့် အချိန်ကြာလာတဲ့အခါ 👇

✨ အရောင်မညီတော့ခြင်း – 🌞☔💨 နေ၊ မိုး၊ လေဒဏ်ကြောင့် တံခါးအရောင် တဖြည်းဖြည်း လျော့သွားပေမယ့် Sticker ကပ်ထားတဲ့နေရာက အရောင်မပြောင်းဘဲ အမှတ်အသားပုံစံ ထင်းကျန်နေတာမျိုး ဖြစ်တတ်ပါတယ်။

✨ အလှပပျက်စီးခြင်း – 🏠❌ Sticker ပေါ်က စာသားတွေ အညို/အမဲ အရောင်ပြောင်းလာပြီး အိမ်တံခါးရဲ့ အလှပကို ထိခိုက်စေတတ်ပါတယ်။

✨ Sticker ခွာဖို့ ခက်ခဲတတ်ခြင်း – ⏳

Sticker ခွာဖို့ အကောင်းဆုံးအချိန်က တံခါးတပ်ဆင်ပြီးပြီးချင်းပါ။

မခွာချင်တဲ့မိတ်ဆွေတွေအတွက်တောင် အများဆုံး (၁လ)ထက် မကျော်သင့်ပါဘူး။

အချိန်ကြာလာရင် Sticker မှာပါတဲ့ ကော်သားနဲ့ UPVC မျက်နှာပြင် ဓာတ်ပြုပြီး ခွာဖို့ အရမ်းခက်ခဲသွားတတ်ပါတယ်။

တစ်ခါတစ်ရံ 🧴 Chemical သုံးမှ ခွာရတာမျိုးပါ ဖြစ်တတ်ပါတယ်။

👉 အကြံပြုချက် – 💡

တံခါးတပ်ဆင်ပြီး အသုံးပြုချိန်မှာပဲ Brand Sticker တွေ တခါတည်း ချက်ချင်း ခွာထားတာက သန့်ရှင်းပြီး အလှပဆုံး ဖြစ်မယ်နော် ✨

🤫 Sticker ခွာပြီး ကော်တွေ ကျန်ပြီး ဘောင်တွေ မဲသွားသလို ဖြစ်လာရင် — မိတ်ဆွေတို့အတွက် လွယ်ကူပြီး သန့်ရှင်းနိုင်တဲ့ နည်းလမ်းလေးပါ 👇

✅ နည်းလမ်း

➡ အဝတ်ဖြူသန့်သန့်ကို အသုံးပြုပါ။

➡ တင်နာဆေးရည်လေး နဲ့ ကော်ကျန်နေတဲ့နေရာတွေကို သန့်ရှင်းရေးလုပ်ပေးပါ။

အားလုံးပဲ အဆင်ပြေကြပါစေရှင့် 🙏

 #ShweMateThit #ရွှေမိတ်သစ် #smt #upvcthanlyin #upvcfactory #windows #doors #yangon #knowladgeshareing #upvcsticker




No comments:

Post a Comment

uPVC ပြတင်းပေါက်များကို မည်သည့်အိမ်အတွက်မဆို ရွေးချယ်သင့်သည့် အကြောင်းရင်း (၇) ချက်

အောက်တွင်ဖော်ပြထားသည်မှာ uPVC ပြတင်းပေါက်များကို မည်သည့်အိမ်အတွက်မဆို ရွေးချယ်သင့်သည့် အကြောင်းရင်း (၇) ချက်  ဖြစ်သည်။ 💎 uPVC သည်ရာသီဥတုအမျ...