🤔အခန်းဖွဲ့အတွက် Upvc ဘာအမျိုးအစားသုံးမှာလဲ
အထူအပါး အရည်အသွေးအမျိုးမျိုး ဈေးအမျိုးမျိုး ရှိနိုင်ပါတယ်။
🧐Upvc အမျိုးအစား ရွေးချယ်ပြီးပြီဆိုရင်
Slide ဘောင်နဲ့ သုံးချင်တာလား❓ Casement ဘောင်နဲ့ သုံးချင်တာလား❓
✅Casement series ထက် slide series ဆို ဈေးပိုသက်သာပါမယ်။ နောက်ပြီးတော့..
အခန်းဖွဲ့မှာသုံးမယ့် မှန်အမျိုးအစား ဘောင်အစိတ်အကျဲ အလိုက်လည်း ဈေးအနိမ့်အမြင့် ရှိနိုင်ပါသေးတယ်။
အခန်းဖွဲ့က မြေညီထပ်မှာလား❓ အပေါ်ထပ်တွေမှာလား❓
အိမ်ဝင်တံခါးတွေက ကျဉ်းနေသလား❓
ပြီးတော့ အပေါ်မှာ ဘင့်ထုတ် ဘယ်နှခုပါသလဲ❓
အဲလိုမျိုး ခက်ခဲမှုတွေအပေါ်မူတည်ပြီး ဈေးအနိမ့်အမြင့် ကွာနိုင်ပါသေးတယ်။
သုံးမယ့် window က ကော slide လား❓ casement လား❓
🥵Door တွေကကော Slide door လား၊ Casement door လား ၊ ရိုးရိုး door လား
ဈေးတွေက မတူပြန်ဘူး။
Upvc လုပ်ငန်းထဲမှာ အခက်ခဲဆုံးနဲ့ ပညာအပါဆုံးကတော့ အခန်းဖွဲ့ပါပဲ။
အဲဒါကြောင့် အခန်းဖွဲ့အပ်တော့မယ်ဆိုရင် သေချာဆွေးနွေးတိုင်ပင်ကြပါ။
ဈေးနှုန်းအနည်းအများထက် တကယ် ယုံကြည်စိတ်ချရတဲ့သူကို ခိုင်းဖို့ အကြံပြုပါရစေ။🤗
◼◼◼◼◼◼◼◼◼
"ရွှေမိတ်သစ်"စက်ရုံမှ UPVC ဖြင့် အခန်းဖွဲ့ ဆောင်ရွက်ပေးခဲ့တာလေးတွေကို တစုတစည်းထဲ ဖော်ပြပေးလိုက်ပါတယ်။😍
တချို့နေရာတွေမှာ တော်တော် ခဲရာခဲဆစ် လုပ်ရတာလေးတွေ ပါပါတယ်။ Upvc လေ့လာသူများနှင့် ကျွမ်းကျင်သူများ အတွက်တော့ ပုံတွေကိုကြည့်တာနဲ့ "ရွှေမိတ်သစ်" ရဲ့ စေတနာနဲ့ ပညာ ကို မြင်တွေ့နိုင်မှာပါ😎
No comments:
Post a Comment