May 24, 2025

ဈေးချိုတဲ့ တံခါးမျိုးတွေ တပ်ဆင်ထားပြီး ပြုတ်ကျလို့ ပြုပြင်ရတော့ ပြုပြင်စရိတ်ပဲ 180000 ကျပ်လောက် ကုန်ကျသွားနိုင်ပါတယ်။

မနှစ်တုန်းက ကျွန်တော်တို့ ရပ်ကွက်ထဲက သုံးထပ်တိုက်တစ်လုံး Casement (အဖွင့်)တံခါး တချို့ ပြုတ်ကျလို့ ပြုပြင်ပေးခဲ့ရဖူးတယ်။

အခုလည်း (မပြုပြင်ရသေးတဲ့) နောက်ထပ် တံခါးတစ်ချပ် ထပ်ပြုတ်ကျလို့ သွားရောက်ပြင်ပေးဖြစ်ခဲ့ပါတယ်။

"ရွှေမိတ်သစ်" စက်ရုံကထုတ်လုပ်ရောင်းချတဲ့ အဖွင့်တံခါးတိုင်းမှာဆိုရင် ပတ္တာတွေ တောင့်တင်းခိုင်မာဖို့ ကျည်းဘောင် တံခါးတွေရဲ့အတွင်းဖက်တွေမှာ သစ်မာသားတွေ ထည့်သွင်းအသုံးပြုထားတာမို့ 

ပတ္တာ ကြံခိုင်ရေးအတွက် 100% အပြည့်အဝ တာဝန်ယူပေးပါတယ်။

4x4 တံခါးတစ်ချပ်ဝယ်ရင် တပ်ဆင်ခ အပြီးအစီး ကို 290000 ကျပ် ရှိပါတယ်။ (သာမန် တခြားတံခါးစက်ရုံထက် "ရွှေမိတ်သစ်" မှာ ဈေးအနည်းငယ်ပိုတတ်ပါတယ်)

အခုတော့ ဈေးချိုတဲ့ တံခါးမျိုးတွေ တပ်ဆင်ထားပြီး

ပြုတ်ကျလို့ ပြုပြင်ရတော့ ပြုပြင်စရိတ်ပဲ 180000 ကျပ်လောက်

ကုန်ကျသွားနိုင်ပါတယ်။

💸ဘာလို့ ပြင်စရိတ် 180000 ကျလဲဆိုရင် 

ကျည်းဘောင်က အစ ပြန်ဖြုတ် >>> သစ်သားထည့် 

တံခါးဘောင်တွေ ပြန်ဖြုတ် >>> သစ်သားထည့်

ပြုတ်ကျကြိုးပဲ့ မှန်ကွဲတဲ့ပြတင်းအရွက်ကိုလည်း အကုန်အသစ်ပြန်လဲရတော့ စရိတ် ပိုကျပြီပေါ့💰

အဲဒါကြောင့် Upvc အဖွင့်တံခါးဝယ်မယ်ဆိုရင်...

✅ပတ္တာ ပြုတ်မကျဖို့ အာမခံ ပါသလား။

✅အတွင်းဖက်မှာ ဘာတွေထည့်ထားလဲဆိုတာ သေချာ စစ်ဆေးမေးမြန်းဝယ်ယူကြဖို့ အကြံပြုပါရစေ။

Upvc အသားက 2မီလီမီတာပဲ ထူတာမို့ အတွင်းဖက် ဘာမှ ထည့်မထားရင် ပတ္တာ ပြုတ်ထွက်ဖို့သေချာပါတယ်ခင်ဗျ🌝

အများအားဖြင့် အတွင်းဖက်မှာ ၊ သစ် ၊ သံ ၊  အထပ်သား ၊ finger wood အတိုအစ စသဖြင့် အစဉ်ပြေရာ ထည့်ကြပါတယ်။

"ရွှေမိတ်သစ်" စက်ရုံမှာကတော့

အကွဲအနာစာ မပါတဲ့ အင် ကညင်သား သီးသန့်ပဲ အမြဲထည့်သွင်း အသုံးပြုပေးပါတယ်။

ကြံခိုင်သေသပ်တဲ့ Casement (အဖွင့်) တွေကို သေချာလေ့လာဝယ်ယူနိုင်ကြစေရန် ရည်ရွယ်၍ စေတနာရှေ့ထား ရေးသားလိုက်ပါတယ်ခင်ဗျာ။🙏

No comments:

Post a Comment

uPVC ပြတင်းပေါက်များကို မည်သည့်အိမ်အတွက်မဆို ရွေးချယ်သင့်သည့် အကြောင်းရင်း (၇) ချက်

အောက်တွင်ဖော်ပြထားသည်မှာ uPVC ပြတင်းပေါက်များကို မည်သည့်အိမ်အတွက်မဆို ရွေးချယ်သင့်သည့် အကြောင်းရင်း (၇) ချက်  ဖြစ်သည်။ 💎 uPVC သည်ရာသီဥတုအမျ...