"ရွှေမိတ်သစ်" စက်ရုံက ဒီဈေး နဲ့ရောင်းချပေးနေပါကြောင်း Page မှာ Official Update ဈေးတင်ပေးထားတာတောင် 🤒
နေ့စဉ် အချိန်ပိုဆင်း အချပ်အရေအတွက် ရာချီထုတ်ပေးနေလည်း Order ရက်ချိန်း (14)ရက်ဝန်းကျင် Production ကြာနေတာတွေရယ်...💁🧑🔧
ဘုရင့်နောင် ကုန်စည်ဂိတ်ကို အိမ်ဦးနဲ့ ကြမ်းပြင် တစ်နေ့ (2)ခေါက်လောက် ပို့ဆောင်ပေးနေရပြီး ဘေးကာတောင်ဖွင့် ပြည့်ကြပ်တင်နေရတဲ့ 14'ကားအပါ ကား(3)စီးရဲ့ ကားတင်ပုံတွေကြောင့်ရယ်...🚛🛻🚙
ပြီးတော့ ရက်ချိန်းဘယ်လောက်ကြာကြာ စောင့်ပေးပါ့မယ်ဆိုတဲ့ အမာခံ Customer တွေကြောင့်😻🧡
ဘာကြောင့် ဒီလောက်ရောင်းနေရတာလဲ❓
Page မှာတင်တဲ့ ဈေးထက် စက်ရုံမှာ တိုးတိုးတိတ်တိတ်လျှော့ ရောင်းနေတာလား❓
စိတ်ပါဝင်စားစွာ လက်လီ/လက်ကား လိုချင်ပါတယ်ဆိုပြီး "ရွှေမိတ်သစ်" အကြောင်း သိချင်လို့ ဖုန်းဆက်ဈေးစုံစမ်းတဲ့ အယောင်ဆောင် ချစ်သောတို့ရေ 🥹
"ရွှေမိတ်သစ်" က ဘယ်သောအခါမှ အပြောနဲ့အလုပ် မညီတာတွေ၊ တံခါးရောင်းရရုံ သက်သက်မမှန်မကန်တဲ့ နည်းတွေ လုံးဝ လုံးဝ မသုံးပါဘူးနော်။✅Page မှာတင်တဲ့ ဈေးက စက်ရုံလာဝယ်ရင်လည်း ဒီဈေးဖြစ်သလို စာရေးမတွေကို တစ်ရေးနိုး ကောက်မေးလည်း ဒီဈေးပါပဲရှင့်။👍
စုံစမ်း ဈေးယှဉ်ပြီး အလုပ်ပိုနေရှာတဲ့ ချစ်သောတွေကိုလည်း...
"ဈေးနှုန်း တင်တာ နဲ့ ရောင်းတာ မှန်ရဲ့လား ယှဉ်နေတာထက် ရွှေမိတ်သစ် က Customer တွေအပေါ်ထားတဲ့ မေတ္တာနဲ့ Joint ဆက် အာမခံ အပြည့်ပေးထားလို့ Customer တွေက ရွှေမိတ်သစ် ကို ဘယ်လောက်ထိ ယုံကြည်တယ်ဆိုတာကိုပဲ အရင်ဆုံး သေချာလေ့လာပါ၊ ယုံကြည်မှ လက်တွဲပါ။ကြိုက်မှ ဝယ်ယူပါလို့" အကြံပြု ပေးချင်ပါတယ် ရှင့်။"ရွှေမိတ်သစ်" ဆိုတာ တံခါးသက်သက်ရောင်းတာမဟုတ်ပဲ တံခါးတစ်ချပ်မှာ Customer တွေအပေါ် မေတ္တာ၊ စေတနာ ဘယ်လောက်ထားတယ်ဆိုတာ ဝယ်ယူဖူးတဲ့ Customer တိုင်းလည်း သိပြီးသားပါ။
စကားမစပ်...
ခုမှ သဘောပေါက်နားလည်သွားလို့ Pre Order ကြိုတင်ရင်တော့ အရမ်းအားပေးကြမ်းတဲ့ လက်လီ/လက်ကား မှာထားတဲ့ တံခါးတွေ ထုတ်ရဦးမှာမို့ သင်္ကြန်ပြီးမှသာ ရပါတော့မယ်ရှင်🙏