Feb 15, 2023

💞Valentine Day နေ့တုန်းက ကျိုးပဲ့ပျက်စီးသွားတဲ့ ပြတင်းပေါက်တံခါးပေါက်တွေရှိခဲ့ရင် အမြန်ဆုံးလဲလှယ်ပေးဖို့အသင့်ပါ။💞

🤧 အက်ထမိန်တို့က လုပ်ချလိုက်ပြန်ပြီ။

💞V-Day မှာသူများတွေက ချစ်ကြောင်း၊ ရိုကြောင်း၊ ဘယ်လောက် Surprise ဖြစ်ကြောင်း Promotion တွေပဲလုပ်နေတာကို "ရွှေမိတ်သစ်" ကျမှ ဘာကြီးတုန်းပေါ့😄

တမျိုးမထင်ပါနဲ့😁 လူငယ်အတွဲလေးတွေက အပြင်မှာရိုနေကြပေမဲ့ လူကြီးပိုင်းလင်မယားတွေကျ အဲ့နေမှ စိတ်ဆိုးရန်ဖြစ်ရှိတတ်ကြတယ်မလား🙄

ဖေကြီးက မေကြီးကို V-Day မှာ ဘာမှမပေးလို့၊ ချောကလပ်မကျွေးလို့၊ အိမ်အလုပ်တွေ ရုံးအလုပ်တွေ ကလေးတွေ အိမ်ထောင့်တာဝန်တွေနဲ့ပဲလုံးပန်းနေပြီး ထသတ်ရင် သတ်နေကြမှာလေ😄

အဲလိုပြောချင်တာပါ။ 😆

ရွှေမိတ်သစ် ရဲ့ Audience ဆိုတာကလည်း အိမ်အတွက် ပြတင်းပေါက်တွေတံခါးပေါက်တွေ တပ်ဆင်မယ့် လူကြီးပိုင်းတွေများတာကိုးးးး

အာ့ကြောင့် ဒီpostလေးက လူကြီးတွေအတွက်ပဲပေါ့။ အပြင်မှာရိုနေကြတဲ့ ခလေးတွေနဲ့မဆိုင်။ (ဆိုင်ရင်လည်း ဆိုင်မှာပေါ့🤐)

အဲလိုမတော်တဆ ထသတ်ကြရင်း
ပြတင်းပေါက်တွေများကွဲသွားခဲ့ရင်😁
တံခါးတွေများရွဲ့စောင်းသွားခဲ့ရင်🙃
ကျွန်တော်တို့ကိုသာ ဆက်သွယ်လိုက်ပါဗျာ။ စက်ရုံက ဝန်ထမ်းလေးတွေက အလုပ်လုပ်တာမြန်မှမြန်၊ မှန်ကန်တိကျ စိတ်တိုင်းကျစေရမယ်😎

ဪ ဒါနဲ့... အခန်းတွေဘာတွေပေါက်ပြဲ ပြိုပျက်သွားလို့ UPVC နဲ့အခန်းဖွဲ့ချင်တယ်ဆိုလည်း ရတယ်နော်😉 အားမနာနဲ့ ဖုန်းလေးသာ လှမ်းတောက်လိုက်😘

ရန်ဖြစ်ခဲ့ရင် ပြောပါတယ်🤧

uPVC ပြတင်းပေါက်များကို မည်သည့်အိမ်အတွက်မဆို ရွေးချယ်သင့်သည့် အကြောင်းရင်း (၇) ချက်

အောက်တွင်ဖော်ပြထားသည်မှာ uPVC ပြတင်းပေါက်များကို မည်သည့်အိမ်အတွက်မဆို ရွေးချယ်သင့်သည့် အကြောင်းရင်း (၇) ချက်  ဖြစ်သည်။ 💎 uPVC သည်ရာသီဥတုအမျ...