Dec 29, 2022

လုပ်ငန်းတိုင်းအတွက် Customers တွေဆိုတာ အရေးကြီးပါတယ်။

ကျွန်တော်တို့ "ရွှေမိတ်သစ်" ဆီကို ရောက်လာကြတဲ့ အိမ်ဆောက်ပစ္စည်းဆိုင်အသစ်တွေ၊ Customer အသစ်တွေကို မေးကြည့်မိတဲ့အခါ 

တချို့က Facebook page ကနေတွေ့လို့ ရောက်လာကြပြီး အများစုကတော့ Customer အဟောင်းတွေက ညွန်းလို့ လာဝယ်ကြတာက ပိုများတာ သတိထားမိပါတယ်။

အများစုထံမှ ပြန်ကြားရ သိရတာလေးတွေက..

ရွှေမိတ်သစ်က စျေးသက်သာတယ်။ လက်ရာကောင်းတယ်။ အော်ဒါ တင်လိုက်ရင် မြန်တယ်။ ရက်ချိန်းတိကျတယ်။ အဲလို့လေးတွေ ပြန်ကြားရတာများပါတယ်။

အဲဒါကြောင့်လည်း ပိုပြီးတော့ စျေးစျေးသက်သက်သာသာ ရောင်းနိုင်ဖို့ ကုန်ကြမ်းတွေကို အများကြီးစုထားတာ လက်ရာကောင်းဖို့ ဝန်ထမ်းတွေကို ရွေးချယ်မွေးထုတ်တာ ဝန်ဆောင်မှု့တွေ မြန်ဆန်တိကျဖို့ ကား၊ စက်ပစ္စည်းတွေကို ပျက်စီးယိုယွင်းမှု့ နည်းအောင် ထိန်းသိမ်းတာ၊ တချို့စက်တွေဆို အပိုထားထားတာတွေ လုပ်ထားရပါတယ်။

လုပ်ငန်းတိုင်းအတွက် Customers တွေဆိုတာ အရေးကြီးတာမို့ မိတ်ဆွေတို့လည်း ကိုယ့်ရဲ့ Customers တွေကို ဂရုတစိုက် ဝန်ဆောင်မှုကောင်းလေးတွေပေးနိုင်စေဖို့ တိုက်တွန်းလိုက်ပါရစေခင်မျာ။

No comments:

Post a Comment

uPVC ပြတင်းပေါက်များကို မည်သည့်အိမ်အတွက်မဆို ရွေးချယ်သင့်သည့် အကြောင်းရင်း (၇) ချက်

အောက်တွင်ဖော်ပြထားသည်မှာ uPVC ပြတင်းပေါက်များကို မည်သည့်အိမ်အတွက်မဆို ရွေးချယ်သင့်သည့် အကြောင်းရင်း (၇) ချက်  ဖြစ်သည်။ 💎 uPVC သည်ရာသီဥတုအမျ...