Nov 14, 2022

ရွှေမိတ်သစ် ကို ‌အမေးများကြတဲ့ မေးခွန်းများ

"ရွှေမိတ်သစ်" ထံကို ဖုန်းဖြင့်သော်လည်းကောင်း၊ Page cb ကနေသော်လည်းကောင်း မေးမြန်းဆက်သွယ်ကြတဲ့အထဲမှာမှ တကယ်တမ်းကျတော့ Customer အများစု မေးကြတာ အဓိကအားဖြင့် အောက်ပါမေးခွန်းအမျိုးအစား နှစ်မျိုးပဲရှိပါတယ်။

🎯ဘယ်ဈေးတွေရှိလဲ ❓

SMT စက်ရုံမှာ Upvc အထူးအပါးနဲ့အရည်အသွေး၊ မှန်အထူအပါးအလိုက် ဈေးကအစားစား ရှိပါမယ်။ ကိုယ်သုံးချင်တဲ့ Budget အပေါ်မူတည်ပြီး စိတ်ကြိုက်ရွေးချယ်လို့ရတာမို့ ဖုန်းလေးတော့ ဆက်စေချင်တာပါ။ စျေးမတန်တဆခေါ်ပြီး ထိုးရောင်းတာမျိုး လုံးဝမရှိပါဘူးနော်။ King, Rika, ALarddin, Gpm, CONCH, CONXIN တံဆိပ်ဟူ၍ SMT မှာ ရောင်းချပေးနေပါတယ်။ Ready made size များကိုတော့ Page ထိပ်ဆုံးက Pin pist မှာ စျေးနှုန်းအတိအကျတင်ပေးထားပါတယ်။

🎯အာမခံချက်ဘယ်လိုပေးလဲ❓

GPM နဲ့ CONCH တွေကတော့ နေရောင်ကြောင့် အရောင်းပြောင်းခြင်း၊ ကြွပ်ဆပ်ခြင်း၊ မိုးရေကြောင့် ဆွေးမြေ့ခြင်းများအတွက် ❤အနှစ် 30 အထိ❤ ခံနိုင်ရည်ရှိမှု အာမခံပေးထားပြီး တခြား တံဆိပ်တွေကတော့ အာမခံ ပေးမထားပါဘူး။

ကျွန်တော်တို့ SMT အနေနဲ့ကတော့ လက်ရာသေသပ်မှု၊ Joine အဆက်တွေ ခိုင်ခံ့မှုအတွက် တသက်တာ အာမခံပေးထားပါတယ်။

ဒါကြောင့်မို့ အခုအခက်ကာလမှာ ဒေါ်လာဈေးကြောင့်ရော၊ Logistics စရိတ်စခများကြောင့်ရော ကုန်ကြမ်းဈေးတွေ ထပ်တက်နိုင်တာမို့ မဖြစ်မနေ ဝယ်သုံးကြရမည့်သူများအနေနဲ့ အမြန်ဆုံးသာ ​အော်ဒါကြိုတင်ထားကြဖို့ အသိပေးပါရစေ🙏

တခြားသိလိုသမျှကိုလည်း အားမနာတမ်းဖုန်းဆက်မေးမြန်းနိုင်ပါတယ်ခင်မျာ🙆

မိတ်ဟောင်း မိတ်သစ်တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်။💛

No comments:

Post a Comment

uPVC ပြတင်းပေါက်များကို မည်သည့်အိမ်အတွက်မဆို ရွေးချယ်သင့်သည့် အကြောင်းရင်း (၇) ချက်

အောက်တွင်ဖော်ပြထားသည်မှာ uPVC ပြတင်းပေါက်များကို မည်သည့်အိမ်အတွက်မဆို ရွေးချယ်သင့်သည့် အကြောင်းရင်း (၇) ချက်  ဖြစ်သည်။ 💎 uPVC သည်ရာသီဥတုအမျ...