May 21, 2022

မိုးအေးအေးနဲ့ - Story

ဒီနေ့ မိုးတွေအရမ်းသည်းတော့ အိမ်ကတံခါးတွေပြေးပိတ်မိရင်း အတွေးလေးတစ်ခုခေါင်းထဲဝင်လာတယ်။ မနေ့က ညနေပိုင်းက လှိုင်မြို့နယ်မှာရှိတဲ့ အရာရှိအဆင့်မြင့်ဝန်ထမ်းအိမ်ရာ အရှေ့က ဖြတ်လျှောက်တော့ မြင်လိုက်ရတဲ့ မြင်ကွင်းလေး။ ❤💗

ညနေပိုင်းမှာ ဝန်းတစ်ခုလုံး မီးရောင်တွေ ထိန်နေပြီး အဲဒီမီးရောင်တွေနဲ့ အပြိုင်ထင်းနေတဲ့ အဖြူရောင် ပြတင်းတံခါးတွေနဲ့ ဒီဇိုင်းမှန်တွေက အရမ်းလှနေတာကို မြင်လိုက်မိတယ်။

သဘောကျလိုက်တာ...😍😍

မြင်ကွင်းလေးကို ကြည့်မဝဘူးဖြစ်ခဲ့ရတယ်။

အဲဒါနဲ့ ကိုယ့်အိမ်တံခါးပေါက်တွေကို ကြည့်မိတော့ သစ်သားတံခါးရွက်တွေ

😐 ကြာနေတော့ ပိတ်ရဖွင့်ရတာလည်း အဆင်မပြေတော့ဘူး။ ကြပ်နေပြီ။ အရောင်တွေကလည်း မှိန်နေတော့ ကြည့်ရတာ စိတ်မချမ်းသာဘူး။ အဲဒါနဲ့ တံခါးတွေလဲဖို့ ဆုံးဖြတ်လိုက်ရင်းနဲ့ လေ့လာကြည့်လိုက်တော့...

ခုနက အိမ်ရာ ကိုဆောင်ရွက်ပေးခဲ့တဲ့ "ရွှေမိတ်သစ်" ဆိုတဲ့ နေရာလေး

"ရွှေမိတ်သစ်" ရောက်တော့ ကိုယ်မြင်ခဲ့တဲ့ အဖြူရောင်တံခါး​တွေအကြောင်း မေးမိတယ်။

အရောင်ဝန်ထမ်းလေးတွေက စိတ်ရှည်ရှည် ရှင်းပြတယ်။ အဖြူရောင်ဘောင်နဲ့အဲလိုတံခါးတွေကို ခေါ်တာက "UPVC" ပါတဲ့။ အရှည်ကောက်က..

"ပလတ်စတစ်မဟုတ်တဲ့ ပိုလီဗီနိုင်းကလိုရိုက်" အပေါ်အခြေခံ ထုတ်လုပ်ထားပြီး ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိတဲ့ တံခါးတွေပါတဲ့။




အားသာချက်တွေကိုလည်း ပြောပြတယ်။ အလွယ်တကူတပ်ဆင်နိုင်တယ်၊ ရာသီဥတုဒဏ်၊ ပိုးမွှာဒဏ်ခံနိုင်တယ်။ ဆေးသုတ်စရာမလိုတဲ့အပြင် ပြုပြင်ထိန်းသိမ်းရတာ အရမ်းလွယ်ကူတယ်တဲ့😱




တပ်ဆင်ရေး အပိုင်းတွေလည်း ရှင်းပြသေးတယ်။ တချို့ site တွေက ချောပြီးသား အပေါက်ထဲ (သို့မဟုတ်) အုတ်ညှပ်ပြီး တပ်ဆင်တတ်ကြပါတယ်။ အခုညီမရဲ့အိမ်အတွက်တော့ တံခါးအဟောင်းတွေဖြစ်လို့ ကိုယ့်ဘက်က အရင်ဆုံး တံခါးအဟောင်းတွေ ဖြုတ်ပေးရမယ်။ လိုတဲ့နေရာလေးတွေ ချောပေးထားမယ်ဆိုရင် စက်ရုံဘက်က ကျွမ်းကျင်ဝန်ထမ်းတွေကို လွှတ်ပြီး အတိုင်းအတာ တိတိကျကျ တိုင်းခိုင်းမယ်။ ပြီးရင် စက်ရုံမှာ ပြန်ထုတ်လုပ်ပြီး တပ်ဆင်ပေးမှာပါတဲ့။

တပ်ဆင်တဲ့အခါမှာလည်း ပေးရတဲ့စျေးထက် တန်အောင် ပစ္စည်းကောင်းတွေသုံးပေးပြီး တပ်ဆင်ပြီး ၃နှစ်အတွင်းမိုးယိုစိမ့်ရင် အခမဲ့ပြန်လည်ပြုပြင်ပေးတဲ့ အာမခံချက်လည်းရှိတယ်လို့ ရှင်းပြတေ့ တော်တော် သဘောကျမိတယ်။😍


အဲဒီမှာ ကိုယ်အကြိုက်ဆုံးအပိုင်းကတော့

ပစ္စည်းအရည်အသွေးသေချာစစ်ပေးတဲ့ QC အဖွဲ့ သီးသန့်ထားပေးထားတာပဲ။ QC တွေရဲ့ တာဝန်လေးတွေလည်း လေ့လာကြည့်မိတယ်။❤

QC စစ်တဲ့အခါ တံခါးအမျိုးအစားတွေအပေါ်မူတည်ပြီး ကွဲပြားတယ်တဲ့။



ပြတင်းပေါက် Slide တံခါးတွေဆိုရင်

- Production ကပို့လိုက်တဲ့ တံခါးဘောင်တွေရဲ့ Joint ဆက်တွေခိုင်မခိုင်၊ ဟ မဟ စစ်ပေးခြင်း

- တံခါးရဲ့ ရေပေါက်တွေက ကျဥ်းလွန်း ကျယ်လွန်း စစ်ပေးခြင်း

- ဘီတင်တွေမှာ အဟတွေ ရှိမရှိ စစ်ပေးခြင်း

- Door lock တွေ အဆင်ပြေမှုရှိမရှိ စစ်ပေးခြင်း

- တံခါးအဖွင့်အပိတ်လုပ်ရာမှာ လျှောက်လမ်းတွေ၊ ဘီးလုံးတွေ အဆင်ပြေမပြေ စစ်ပေးခြင်း

- မှန်မှာ အနာအဆာပါမပါ စစ်ဆေးခြင်းတွေ လုပ်ပေးတယ်။


ပတ္တာနဲ့သုံးတဲ့ အဖွင့်တံခါးတွေဆိုရင်

- တံခါးမှာသုံးထားတဲ့ ပတ္တာတွေအဆင်ပြေမပြေ စစ်ပေးခြင်း

- တံခါးလက်ကိုင်များစစ်ပေးခြင်း

- လေချိတ်ထည့်ထားတာ အဆင်ပြေမပြေ စစ်ဆေးခြင်းများ ပြုလုပ်ပေးတယ်။


ရေချိုးခန်း၊အိမ်သာသုံး တံခါးတွေမှာဆိုရင်လည်း

- ဘီတင်တွေ ဟ မဟ စစ်ပေးခြင်း

- ဒူးပိတ်ပြားတွေမှာ အနာအဆာပါမပါ စစ်ပေးခြင်း

- တံခါးရွက်တွေ အောက်ကျနေတာ၊ ကျည်းဘောင်နဲ့ တံခါးရွက်ကြား အဟကျယ်လွန်းမှု့မရှိစေရန် စစ်ဆေးပေးပါတယ်။

တကယ်လို့ အဲဒီအချက်တွေထဲက တခုခုဖြစ်ခဲ့ရင် ချက်ချင်းပဲ Production ဘက်ကို ပြန်ပို့ပြီး ပြုပြင်ခိုင်းတာမျိုးတွေ လုပ်တာကိုတွေ့ရတယ်။👍👍

ဝယ်သူ​တွေရဲ့လက်ထဲကို စိတ်တိုင်းကျအသေးစိတ် စစ်ဆေးပြီးမှ ထည့်ပေးတာဟာ အရမ်းကို စိတ်ကျေနပ်စရာပါ။

သိချင်တာတွေလည်း စုံစိအောင် မေးမြန်း လေ့လာပြီးပြီဆိုတော့ ပြတင်းပေါက် တံခါးပေါက်တွေ ဝယ်ယူမယ်လို့ စိတ်ဆုံးဖြတ်မိတဲ့နေရာကတော့

သေချာသွားပြီ။
"ရွှေမိတ်သစ်" ပါပဲ။





No comments:

Post a Comment

uPVC ပြတင်းပေါက်များကို မည်သည့်အိမ်အတွက်မဆို ရွေးချယ်သင့်သည့် အကြောင်းရင်း (၇) ချက်

အောက်တွင်ဖော်ပြထားသည်မှာ uPVC ပြတင်းပေါက်များကို မည်သည့်အိမ်အတွက်မဆို ရွေးချယ်သင့်သည့် အကြောင်းရင်း (၇) ချက်  ဖြစ်သည်။ 💎 uPVC သည်ရာသီဥတုအမျ...