Mar 23, 2022

မှန်အမျိုးအစားများ

 ရွှေမိတ်သစ်စက်ရုံမှ UPVC ပြတင်းတံခါးတွေ ဝယ်ယူအားပေခဲ့ကြတဲ့အထဲမှာ Customer စိတ်ကြိုက်အဖြစ်ဆုံး၊ အမေးအများဆုံး မှန်အမျိုးအစားတွေအကြောင်း ဗဟုသုတအနေဖြင့် ဖော်ပြပေးလိုက်ပါတယ်။ 😍❤

(1)ဆိုလာစိမ်း

အသုံးပြုမှုအများဆုံးက ဆိုလာစိမ်းပါ။ နေ့ခင်းဘက်ဆိုရင် အပြင်မှအတွင်းကို မမြင်ရပါဘူး။

ညဘက် မီးထွန်းထားရင်တော့ အပြင်ကနေ အိမ်အတွင်းကို မြင်ရပါတယ်။ အခန်းအပူချိန်ကိုထိန်းပေးပါတယ်။ ဆိုလာမှန်မှာ အတွင်းဘက် ပြဒါးပါတဲ့အတွက် ကြွေပြားချေးချွတ်ဆေးလိုမျိုး Chemical အပြင်းစားတွေ၊ ဓာတုပစ္စည်းပါဝင်သော အရည်များ ထိလို့မရပါဘူး။ သံလိုမျိုး ချွန်ထက်တဲ့ အချွန်တွေနဲ့ခြစ်မိရင်လည်း ပြဒါးကွာတတ်ပါတယ်။ ဆိုလာမှန်မှာ ဆိုလာစိမ်းအပြင် ဆိုလာခရမ်း၊ ဆိုလာဇီး စတဲ့ အရောင်ကွဲတွေ ရှိပါသေးတယ်။

(2) Clear - မှန်ကြည်

ဒုတိယ အသုံးအများဆုံးကတော့ Clear (မှန်ကြည်)ပါ။ အတွင်းအပြင် ထိုးဖောက် မြင်ရပြီး အလင်းရောင်ကောင်းကောင်းရပါတယ်။ အတွင်းဘက်ကနေ လိုက်ကာလှလှလေးတွေ တပ်မလား၊ မှန်မှာ Sticker လှလှလေးတွေကပ်မလား၊ ကိုယ့်စိတ်ကြိုက်ပုံဖော်အလှဆင်နိုင်ပါသေးတယ်။

(3) ဒီဇိုင်းမှန်

တတိယအသုံးအများဆုံးကတော့ ဒီဇိုင်းမှန်တွေပါ။ အတွင်းအပြင် မမြင်ရပါဘူး။ အလင်းရောင်တော့ရပါတယ်။ ဒီဇိုင်းမှန်တွေထဲမှာ Mayflower, ကြူထရံ၊ သွေးကြော၊ ဝေဖာ၊ စိန်ပွငံ၊ သစ်ရွက် စတဲ့ ပုံစံမျိုးစုံရှိပါတယ်။

(4) ကြည်စိမ်းမှန် 

ကြည်စိမ်းမှန်ကတော့ Clear (မှန်ကြည်) လိုမျိုး အတွင်းအပြင် ထိုးဖောက်မြင်ရပြီး အစိမ်းရောင် အနည်းငယ်ပါတဲ့အတွက် မြင်ရသူ မျက်စိအေးစေပါတယ်။

(5) မီးခိုး၊ ဇီးရောင်

မီးခိုး၊ ဇီးရောင်တွေကတော့ အတွင်းအပြင် အလင်းအားနည်းပါတယ်။ နေကာမှန်လိုမျိုးဖြစ်တဲ့အတွက် နေပူဒဏ်ခံနိုင်ပြီး မြင်ရသူမျက်စိအေးစေပါတယ်ခင်မျ။ ကြည်စိမ်းထက် အလင်းရောင် ပိုအားနည်းပါတယ်။

"ရွှေမိတ်သစ်"မှာ ဒီလို မှန်အမျိုးအစား စုံလင်စွာ UPVC ပြတင်းပေါက် တံခါးပေါက်တွေ ဝယ်ယူနိုင်တဲ့အကြောင်း သတင်းစကားပါးလိုက်ပါတယ်နော်။😍

ချစ်မိတ်ဆွေတို့ စာအရှည်ကြီးဖတ်ပြီးပြီမို့ အသေးစိတ်မေးမြန်းဆွေးနွေးလိုပါက Comment or Message box သို့ ဆက်သွယ်ဝယ်ယူ အားပေးနိုင်ပါတယ်ခင်မျာ။😍🤗

💛Shwe Mate Thit UPVC Factory💙

☎ 09775597171, 09775597117

🏠 စက်ရုံလိပ်စာ...

အမှတ်  (၁၂၈/၁၂၄) ဆရာစံလမ်းနှင့် တပင်ရွှေထီးလမ်းထောင့် အောင်ချမ်းသာ(၁) ရပ်ကွက် သန်လျင်မြို့နယ် ၊ရန်ကုန်😘

🗺️Google Map လမ်းညွှန် >>>

https://goo.gl/maps/B8zpvu8pb55MAJ2o9

#SMT #UPVC #housing

#doors #windows

uPVC ပြတင်းပေါက်များကို မည်သည့်အိမ်အတွက်မဆို ရွေးချယ်သင့်သည့် အကြောင်းရင်း (၇) ချက်

အောက်တွင်ဖော်ပြထားသည်မှာ uPVC ပြတင်းပေါက်များကို မည်သည့်အိမ်အတွက်မဆို ရွေးချယ်သင့်သည့် အကြောင်းရင်း (၇) ချက်  ဖြစ်သည်။ 💎 uPVC သည်ရာသီဥတုအမျ...