🔹ကျွန်တော် ရဲ့အတွေ့အကြုံလေးတွေ မျှဝေပါရစေ🔸
ကျွန်တော်တို့ SMT စက်ရုံ တည်ထောင်စကနေ ယနေ့အထိ ပြတင်းတံခါး အဟောင်းများကို ပြုပြင်ပေးရခဲ့ရာတွင် အများစုက မှန်ကွဲတာ၊ ပတ္တာပြုတ်ထွက်တာလောက်ပဲ ပြုပြင်ပေးရတာများပါတယ်။
အဲလိုပြုပြင်ချိန်အတွင်း Slide တံခါးရွက်ပြုတ်ချိန် တချို့အရမ်းကြပ်ပြီး ဖြုတ်မရတာ၊ တချို့ကလည်း အထက်အောက် အရမ်းချောင်လွန်းနေတာ၊ တချို့ပြတင်းတွေရဲ့ မှန်ကလစ်တွေမှာ 502 ကော်ထည့်ထားလို့ မှတ်ကွဲဖြုတ်ချိန် မှန်ကလစ် တွေပြန်သုံးမရလို့ အသစ်လဲပေးရတာတွေ တွေ့ရပါတယ်။
မှန်ကလစ်တစ်ချောင်းရဲ့တန်ဖိုးက အနည်းငယ်သာရှိပေမဲ့ Upvc တံခါးစက်ရုံမရှိတဲ့ နယ်မြို့တွေ မှာဆို မှန်ကွဲလို့ မှန်လဲချိန်၊ ကလစ်မကောင်းခဲ့ရင် ဘယ်လိုအခတ်အခဲတွေရှိနိုင်မလဲ အဲလိုလေးတွေ ကျွန်တော်တို့ Upvc လုပ်ငန်းရှင်တွေက စဉ်းစားပေးဖို့လိုပါတယ်ခင်ဗျာ။
ပတ္တာပြုတ်ထွက် တံခါးတွေဆိုရင်လည်း Upvc အတွင်းဖက် မှာ သစ်သား(သို့) သံချောင်း(သို့) အလူမီနီယမ်အချောင်း မပါတာတွေ တွေ့ရပါတယ်။ အဲဒါမျိုးတွေဆိုရင် သုံးစွဲသူ Customerတွေ မမြင်ရတဲ့အရာဆိုပေမဲ့ အပေါ်ကအရာတွေမပါဘဲ လုံးဝမရောင်းသင့်ပါဘူးခင်ဗျာ။
နှစ်(၃၀)အထိ ရာသီဥတုဒဏ်ခံနိုင်ရည်ရှိတဲ့ UPVC အသားကို သုံးထားတာမို့ သစ်ဖိုး၊ သံဖိုးလေးပါ ထည့်ပေးရင် နှစ်သုံးဆယ်အထိ ကျိန်းသေပေါက် တကယ်ကြံ့ကြံ့ခိုင်ပါတယ်။ သစ်၊ သံမပါခဲ့ရင် အာမ မခံနိုင်၍ အများစုက သစ်သား၊ သံပါတာကိုပဲရွေးယူကြမှာပါ။
အတွင်းဖက်သစ်သားပါရင် ပြတင်းတစ်ရွက် မှ (1500)ခန့်ပဲ ပိုမိုကုန်ကျမှာပါ။
SMT မှာဆို ဈေးသက်သာတာလိုချင်သူတွေ အတွက်ကော၊ အရည်အသွေးကောင်းတာကိုမှ လိုချင်သူတွေအတွက်ကော အစဉ်ပြေဖို့
King, Rika, Alarddin, Gpm, Conch, Conxing ဟူ၍ အရည်အသွေး (၆)မျိုး ရောင်းပေးပါတယ်။
ဘယ်လောက် ဈေးပေါတာလိုချင်တယ်ပြောနေပါစေ သစ်၊ သံမထည့်ဘဲ လုပ်ပေးပါဆိုရင်လည်း လုံးဝ(လုံးဝ) လုပ်မပေးပါဘူး။
(ပြန်ရောင်းဖို့ပါ) ဈေးသက်သာရင်ပြီးရော ခိုလို့ရသလောက်ခိုပေးပါ (SMT) နာမည်မပျက် စေရပါဘူးလို့ပြောလဲ သစ်၊ သံမပါပဲ ပတ္တာဖွင့် ခြေကျော်၊ Casement တံခါးတွေကို လုံးဝ(လုံးဝ) မလုပ်ပေးပါဘူးခင်ဗျာ။
တကယ်တော့ ကျွန်တော်တို့ Upvc လုပ်ငန်းရှင်များအနေနဲ့ ပြတင်းတံခါးတွေကို သင့်တင့်တဲ့ဈေး နှုန်းနဲ့ ရေရှည်ခိုင်ခန့်အောင်လုပ်ပေးလို့ ကျေးလက်ဒေသရော မြို့တွေပါမကျန် အိမ်ဆောက်သူတိုင်းက သစ်သားပြတင်းတံခါးနေရာတွေမှာ Upvc နှင့် Aluminium ပြတင်းတံခါးတွေကို အစားထိုးသုံးလာကြမယ်ဆိုရင် နိုင်ငံအ၀ှမ်း သစ်တောပြုန်တီးမှုပါ ကာကွယ်ပြီးသားဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်ခင်ဗျာ။
အဆုံးထိဖတ်ရှုပေးတဲ့ UPVC ညီကိုမောင်နှမ အားလုံးကို ကျေးဇူးတင်ပါတယ်🙏💛
(ဒီပို့ဟာ ဘယ်သူ့ကိုမှ ထိခိုက်၊ တိုက်ခိုက်လိုတဲ့စိတ်မရှိပါဘူးခင်ဗျ။ ဆောင်းပါးအနေဖြင့်သာ ဝေမျှရေးသားထားခြင်းပါ။ စိတ်အနှောင့်အယှက် ဖြစ်သွားခဲ့ရင် တောင်းပန်ပါတယ်ခင်ဗျ။)
#SMT #UPVC
☎ 09775597171, 09775597117
🏠 စက်ရုံလိပ်စာ...
အမှတ် (၁၂၈/၁၂၄) ဆရာစံလမ်းနှင့် တပင်ရွှေထီးလမ်းထောင့် အောင်ချမ်းသာ(၁) ရပ်ကွက် သန်လျင်မြို့နယ် ၊ရန်ကုန်😘
🗺️Google Map လမ်းညွှန် >>>
https://goo.gl/maps/B8zpvu8pb55MAJ2o9