Jul 7, 2025

 ရွှေမိတ်သစ် ၏ UPVC ပြတင်းတံခါးများ ဟာဆိုရင်🏡

 - အသံ/ရေလုံ၊ ရာသီဥတုဒဏ်ခံ: 🌧️☀️ ဆွေးမြေ့၊ သံချေးတက်၊ ခြစားခြင်းမရှိဘဲ နှစ် ၃၀ ကျော် ခံပါတယ်။

- ချောမွေ့စွာဖွင့်ပိတ်နိုင်၊ ထိန်းသိမ်းရလွယ်ကူ: 🤫💰 ပြုပြင်ထိန်းသိမ်းစရိတ်သက်သာပြီး အကုန်ကျများသော ပစ္စည်းများမှ အစားထိုးနိုင်ပါတယ်။

- ဒီဇိုင်းစိတ်ကြိုက်ထုတ်လုပ်နိုင်: ✨ လိုချင်တဲ့ဒီဇိုင်းနဲ့ အရွယ်အစားအတိုင်း တိကျစွာပြုလုပ်ပေးပါတယ်။

- စက်ရုံစွမ်းရည်မြင့်: 🏭👨‍🔧 တစ်နေ့ ၃၀၀ ချပ်အထိ ထုတ်လုပ်နိုင်ပါတယ်။

- ဈေးနှုန်းချိုသာ၊ အရည်အသွေးမြင့်: ✅ တိုက်ရိုက်ဝယ်ယူနိုင်ပြီး လက်ကားဈေးသီးသန့်ရှိပါတယ်။

- နယ်အနှံ့ပို့ဆောင်ပေး: 🚚 မြန်မာတစ်နိုင်ငံလုံးကို ကားဂိတ်မှတစ်ဆင့် ပို့ဆောင်ပေးပါတယ်။ 



Jun 30, 2025

အခန်းဖွဲ့ တစ်ပေ ဘယ်လောက်ယူလဲ ခဏ ခဏ မေးကြလို့ 🫣💡


Upvc နှင့်အခန်းဖွဲ့ချင်တဲ့သူများအတွက် သိထားသင့်တာလေးတွေကို ပြောပြချင်ပါတယ်။

🤔အခန်းဖွဲ့အတွက် Upvc ဘာအမျိုးအစားသုံးမှာလဲ

အထူအပါး အရည်အသွေးအမျိုးမျိုး ဈေးအမျိုးမျိုး ရှိနိုင်ပါတယ်။

🧐Upvc အမျိုးအစား ရွေးချယ်ပြီးပြီဆိုရင် 

Slide ဘောင်နဲ့ သုံးချင်တာလား❓ Casement ဘောင်နဲ့ သုံးချင်တာလား❓

✅Casement series ထက် slide series ဆို ဈေးပိုသက်သာပါမယ်။ နောက်ပြီးတော့..

အခန်းဖွဲ့မှာသုံးမယ့် မှန်အမျိုးအစား ဘောင်အစိတ်အကျဲ အလိုက်လည်း ဈေးအနိမ့်အမြင့် ရှိနိုင်ပါသေးတယ်။

အခန်းဖွဲ့က မြေညီထပ်မှာလား❓ အပေါ်ထပ်တွေမှာလား❓

အိမ်ဝင်တံခါးတွေက ကျဉ်းနေသလား❓

ပြီးတော့ အပေါ်မှာ ဘင့်ထုတ် ဘယ်နှခုပါသလဲ❓

အဲလိုမျိုး ခက်ခဲမှုတွေအပေါ်မူတည်ပြီး ဈေးအနိမ့်အမြင့် ကွာနိုင်ပါသေးတယ်။

သုံးမယ့် window က ကော slide လား❓ casement လား❓

🥵Door တွေကကော Slide door လား၊ Casement door လား ၊ ရိုးရိုး door လား

ဈေးတွေက မတူပြန်ဘူး။

Upvc လုပ်ငန်းထဲမှာ အခက်ခဲဆုံးနဲ့ ပညာအပါဆုံးကတော့ အခန်းဖွဲ့ပါပဲ။

အဲဒါကြောင့် အခန်းဖွဲ့အပ်တော့မယ်ဆိုရင် သေချာဆွေးနွေးတိုင်ပင်ကြပါ။

ဈေးနှုန်းအနည်းအများထက် တကယ် ယုံကြည်စိတ်ချရတဲ့သူကို ခိုင်းဖို့ အကြံပြုပါရစေ။🤗

◼◼◼◼◼◼◼◼◼

"ရွှေမိတ်သစ်"စက်ရုံမှ UPVC ဖြင့် အခန်းဖွဲ့ ဆောင်ရွက်ပေးခဲ့တာလေးတွေကို တစုတစည်းထဲ ဖော်ပြပေးလိုက်ပါတယ်။😍

တချို့နေရာတွေမှာ တော်တော် ခဲရာခဲဆစ် လုပ်ရတာလေးတွေ ပါပါတယ်။ Upvc လေ့လာသူများနှင့် ကျွမ်းကျင်သူများ အတွက်တော့ ပုံတွေကိုကြည့်တာနဲ့ "ရွှေမိတ်သစ်" ရဲ့ စေတနာနဲ့ ပညာ ကို မြင်တွေ့နိုင်မှာပါ😎


Jun 8, 2025

“ရွှေမိတ်သစ်” ရဲ့ UPVC ပြတင်းတံခါးတွေ ခုလိုအရောင်းသွက်နေတာဘာကြောင့်လဲ။🤔❓

✅လိုချင်သောဆိုဒ်နဲ့ လိုအပ်သောဒီဇိုင်းအတိုင်းကို မှာယူဝယ်ယူနိုင်သည့်အပြင်

✅ပစ္စည်းစျေးများကို တိကျမှန်စွာ သေချာတွက်ချက်ပေးပြီးတော့ လူကြီးမင်းတို့စိတ်ကြိုက်ဖန်တီးပေးနေသောကြောင့်ဖြစ်ပါတယ်။ ဒါ့အပြင် 

✅အရည်အသွေးမြင့်မားသော Quality ရှိသည့် ပစ္စည်းများကိုသာ အသုံးပြုပေးတာဖြစ်ပြီး 

✅စေတနာ၊ မေတ္တာတွေနဲ့ သေသပ်လှပတင့်တယ်စွာ UPVC တံခါးများကို ထုတ်လုပ်ပေးသောကြောင့် ရက်သတ္တပတ်အနည်းငယ်တော့ စောင့်ဆိုင်းပေးရပါမည်။

✅ကြာရှည်ခံအသုံးပြုနိုင်သည့်အပြင် အရည်အသွေးအာမခံပါ 100 ရာခိုင်နှုန်းကိုပါ ထည့်ထားပေးပြီဖြစ်လို့
စိတ်ကူးမမှားပဲ လိုချင်တဲ့ တံခါးစျေးနှုန်းကို လူကိုယ်တိုင်စက်ရုံသို့ရောက်၍ဖြစ်စေ Online ကဖြစ်စေ တိုင်ပင်ဆွေးနွေးမှုများနှင့် မှာယူအားပေးနိုင်ပါတယ်။
သင့်အဆောက်ဦးတွေလှပစေဖို့

"ရွှေမိတ်သစ်" ရဲ့ UPVC တံခါးများကိုသုံးကြပါစို့။ 

👉UPVC နဲ့ ပတ်သက်ရင် ဘယ်လိုခက်ခဲတဲ့ ပုံစံမျိုးပဲလာလာ 👈
💛ရွှေမိတ်သစ် ကိုသာ သတိရလိုက်ပါ🩵

#SMT #ShweMateThit #ရွှေမိတ်သစ် #upvc #upvcfactory #windows #doors #partition

May 24, 2025

ဈေးချိုတဲ့ တံခါးမျိုးတွေ တပ်ဆင်ထားပြီး ပြုတ်ကျလို့ ပြုပြင်ရတော့ ပြုပြင်စရိတ်ပဲ 180000 ကျပ်လောက် ကုန်ကျသွားနိုင်ပါတယ်။

မနှစ်တုန်းက ကျွန်တော်တို့ ရပ်ကွက်ထဲက သုံးထပ်တိုက်တစ်လုံး Casement (အဖွင့်)တံခါး တချို့ ပြုတ်ကျလို့ ပြုပြင်ပေးခဲ့ရဖူးတယ်။

အခုလည်း (မပြုပြင်ရသေးတဲ့) နောက်ထပ် တံခါးတစ်ချပ် ထပ်ပြုတ်ကျလို့ သွားရောက်ပြင်ပေးဖြစ်ခဲ့ပါတယ်။

"ရွှေမိတ်သစ်" စက်ရုံကထုတ်လုပ်ရောင်းချတဲ့ အဖွင့်တံခါးတိုင်းမှာဆိုရင် ပတ္တာတွေ တောင့်တင်းခိုင်မာဖို့ ကျည်းဘောင် တံခါးတွေရဲ့အတွင်းဖက်တွေမှာ သစ်မာသားတွေ ထည့်သွင်းအသုံးပြုထားတာမို့ 

ပတ္တာ ကြံခိုင်ရေးအတွက် 100% အပြည့်အဝ တာဝန်ယူပေးပါတယ်။

4x4 တံခါးတစ်ချပ်ဝယ်ရင် တပ်ဆင်ခ အပြီးအစီး ကို 290000 ကျပ် ရှိပါတယ်။ (သာမန် တခြားတံခါးစက်ရုံထက် "ရွှေမိတ်သစ်" မှာ ဈေးအနည်းငယ်ပိုတတ်ပါတယ်)

အခုတော့ ဈေးချိုတဲ့ တံခါးမျိုးတွေ တပ်ဆင်ထားပြီး

ပြုတ်ကျလို့ ပြုပြင်ရတော့ ပြုပြင်စရိတ်ပဲ 180000 ကျပ်လောက်

ကုန်ကျသွားနိုင်ပါတယ်။

💸ဘာလို့ ပြင်စရိတ် 180000 ကျလဲဆိုရင် 

ကျည်းဘောင်က အစ ပြန်ဖြုတ် >>> သစ်သားထည့် 

တံခါးဘောင်တွေ ပြန်ဖြုတ် >>> သစ်သားထည့်

ပြုတ်ကျကြိုးပဲ့ မှန်ကွဲတဲ့ပြတင်းအရွက်ကိုလည်း အကုန်အသစ်ပြန်လဲရတော့ စရိတ် ပိုကျပြီပေါ့💰

အဲဒါကြောင့် Upvc အဖွင့်တံခါးဝယ်မယ်ဆိုရင်...

✅ပတ္တာ ပြုတ်မကျဖို့ အာမခံ ပါသလား။

✅အတွင်းဖက်မှာ ဘာတွေထည့်ထားလဲဆိုတာ သေချာ စစ်ဆေးမေးမြန်းဝယ်ယူကြဖို့ အကြံပြုပါရစေ။

Upvc အသားက 2မီလီမီတာပဲ ထူတာမို့ အတွင်းဖက် ဘာမှ ထည့်မထားရင် ပတ္တာ ပြုတ်ထွက်ဖို့သေချာပါတယ်ခင်ဗျ🌝

အများအားဖြင့် အတွင်းဖက်မှာ ၊ သစ် ၊ သံ ၊  အထပ်သား ၊ finger wood အတိုအစ စသဖြင့် အစဉ်ပြေရာ ထည့်ကြပါတယ်။

"ရွှေမိတ်သစ်" စက်ရုံမှာကတော့

အကွဲအနာစာ မပါတဲ့ အင် ကညင်သား သီးသန့်ပဲ အမြဲထည့်သွင်း အသုံးပြုပေးပါတယ်။

ကြံခိုင်သေသပ်တဲ့ Casement (အဖွင့်) တွေကို သေချာလေ့လာဝယ်ယူနိုင်ကြစေရန် ရည်ရွယ်၍ စေတနာရှေ့ထား ရေးသားလိုက်ပါတယ်ခင်ဗျာ။🙏

uPVC ပြတင်းပေါက်များကို မည်သည့်အိမ်အတွက်မဆို ရွေးချယ်သင့်သည့် အကြောင်းရင်း (၇) ချက်

အောက်တွင်ဖော်ပြထားသည်မှာ uPVC ပြတင်းပေါက်များကို မည်သည့်အိမ်အတွက်မဆို ရွေးချယ်သင့်သည့် အကြောင်းရင်း (၇) ချက်  ဖြစ်သည်။ 💎 uPVC သည်ရာသီဥတုအမျ...