ကောင်းမွန်တဲ့ UPVC တံခါးတစ်ချပ်ဆိုတာ ဘယ်လိုအချက်တွေနဲ့ပြည့်စုံရမလဲ❓ဘာတွေကို အဓိက သိရမလဲ❓
အခုမှစတင်၍ တံခါးဝယ်မယ့် အိမ်ရှင်တွေအတွက်ဆို UPVC ဟာ အစိမ်းသက်သက်ကြီးဖြစ်နေတတ်တာမို့ သိထားသင့်တဲ့အချက်လေးတွေကို "ရွှေမိတ်သစ်"မှ မျှဝေပေးလိုက်ပါတယ်။😚🥳
✅ပထမဦးဆုံးအနေနဲ့ UPVC တိုင်းဟာ အဖြူရောင်ချင်း တူပေမယ့် King, Rika, Alarddin, GPM စသဖြင့် Brand အများကြီးရှိကြပါတယ်။ဒါကြောင့်မို့ Size ချင်းတူနေရင်တောင် ကုန်ကြမ်းအရည်အသွေးအလိုက် ဈေးက ကွာနေတတ်ပါတယ်ရှင့်။ Brand တိုင်းမှာ သူ့အားသားချက်နဲ့သူ ရှိတာမို့ အသုံးပြုလိုတဲ့ ဈေးနှုန်းနဲ့ ချင့်ချိန်၍ သေချာရွေးချယ်ဖို့ လိုအပ်ပါတယ်။
✅ဒုတိယ အချက်ကတော့ တံခါးဘောင်တစ်ခုဖြစ်ဖို့ Profile အချောင်းတွေကို ကပ်စက်မှာအပူပေးပြီး ကပ်တဲ့နေရာမှာ ရိုးရိုးစက်နဲ့ကပ်ပေးတာလား။ ခေတ်မှီစက်ကြီးတွေနဲ့ ကပ်ပေးတာလား။ ကပ်အားကောင်းစေဖို့ အချိန်ဘယ်လောက်ကြာကြာ ကပ်ပေးတာလဲ။ Joint ဆက်ခိုင်ခံ့မှုအပိုင်းကို အာမခံဘယ်လောက်ပေးလဲ ဆိုတာတွေကိုလည်း သိရပါမယ်။
✅နောက်ဆုံး နဲ့ အရေးကြီးဆုံးအချက်ကတော့...
တံခါးတစ်ချပ် ရဲ့ အဓိက အကျဆုံးဖြစ်တဲ့ ပတ္တာတပ်လို့ စကူစွဲမယ့်နေရာ တံခါးဘောင်ထဲမှာ အမာခံဘာပါလဲဆိုတာပါပဲ။ UPVC ဘောင်ရဲ့အထူဟာ (2mm)၀န်းကျင်သာရှိတာမို့ အမာခံမပါပဲ စကူဆွဲထားတဲ့ ခိုင်ခံ့အားနဲ့ အမာခံပေါ်မှာ စကူဆွဲထားတဲ့ ခိုင်ခံ့အား က လုံးဝတူမှာမဟုတ်ပါ။ ရေရှည်မှာ တံခါးရွက်ပြုတ်ကျတာမျိုး၊ ခဏခဏလဲရမှာမျိုးတွေနဲ့ မကြုံချင်ရင် တံခါးတပ်ပြီး ရေရှည်လှည့်ကြည့်စရာမလိုနိုင်တာမျိုးကို စဉ်းစားသင့်ပါတယ်။
“ရွှေမိတ်သစ်” မှာဆိုရင်တော့ တံခါးဘောင်အတွင်း သစ်မာသား (အပွအနာအဆာဖယ်ပြီးသား) ကိုသာ သုံးပေးပြီး၊ ခေတ်မှီနောက်ဆုံးပေါ် ကပ်စက်များဖြင့် အချိန်ကြာကြာကပ်ပေးထားတာမို့ jointဆက် ကိုလည်း 💯% အာမခံချက် အပြည့် ပေးထားပါတယ်။
No comments:
Post a Comment