Featured

Nov 18, 2022

UPVC နဲ့အခန်းဖွဲ့ဖို့ သိထားသင့်တဲ့အချက်များ

UPVC နဲ့အခန်းဖွဲ့တယ်၊ interior deco လုပ်တယ်ဆိုတာ သိပ်ကိုလှပပါတယ်။ ရွှေမိတ်သစ် ကလည်း ဆောင်ရွက်ပေးပါတယ်။ UPVC အခန်းဖွဲ့ချင်တဲ့သူတွေ ကျွန်တော်တို့ကို တစ်ပေပတ်လည် 1sqft ဘယ်ဈေးလဲလို့ တော်တော်များများ မေးတတ်ကြတယ်။ တကယ်တမ်းကျတော့ အခန်းဖွဲ့ ဧရိယာ သိရုံနဲ့ ဈေးအတိအကျ ပြောဖို့က တကယ်ကိုခက်လွန်းပါတယ်🤒

ဘာကြောင့်လဲဆိုရင် အခုလို အစစအရာရာ ဈေးတက်နေတဲ့အချိန်

💁Customer တွေအတွက်လည်း ဈေးမများရအောင်

🙆ကျွန်တော်တို့အတွက်လည်း အရှုံးနဲ့ရင်မဆိုင်ရလေအောင်

အောက်ပါအချက်လေးတွေ သိထားသင့်ပါတယ်။

💢Customer လိုချင်တဲ့ ဒီဇိုင်း

💢Customer သုံးချင်တဲ့ profiles အမျိုးအစား (slide ဘောင်နဲ့လား Casement ဘောင်နဲ့လား)

💢သုံးမယ့် မှန်အထူအပါး /မှန်အမျိုးအစား

💢အခန်းဖွဲ့မှာပါဝင်မယ့် တံခါးအရေအတွက် (အကြီးအသေးကအစ)

💢ဒေါက်အစိတ်အကျဲ

💢ကော်သားအထူအပါးအလိုက် Brand အမျိုးမျိုး (Rika Alarddin GPM CONCH)

💢အခန်းဧရိယာ တစ်ခုကို ပုံစံတူ brand တံဆိပ်ကွာရုံနဲ့တင် ဈေးက (၄)မျိုးအထိရှိသေး

💢Slide ဘောင်၊ Casement ဘောင်ပါ ထပ်ခွဲလိုက်ရင် (၈)မျိုးခန့်အထိ ထွက်နိုင်ပါတယ်။

အဲဒါကြောင့်မို့ မိတ်ဆွေတို့အနေနဲ့ UPVC အသုံးပြု၍အခန်းဖွဲ့တော့မယ်ဆိုရင် အပ်နှံသူကိုယ်တိုင်ကလည်း ပုံကြမ်းလေးပေးသင့်သလို အခန်းဖွဲ့ပေးမယ့် သူဆီကလည်း ပုံကြမ်းလေး တောင်းပြီးမှ စျေးညှိဆောင်ရွက်ကြဖို့ အကြံပြုပါရစေ🤗💛

No comments:

Post a Comment